မိုးဗြဲမြို့ တိုက်ပွဲဆက်ပြင်းထန်၊ စစ်ကောင်စီဘက်မှ (၁၀) ဦး သေဆုံး

သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့အကြား ဇွန် ၅ ရက်နေ့က တိုက်ပွဲဆက်လက် ပြင်းထန်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ တိုက်ခိုက်

ယမန်နေ့ ဇွန်လ ၅ ရက် နံနက်အစောပိုင်းမှ ညနေပိုင်းအထိ မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် မိုးဗြဲကာကွယ်ရေးတပ် ( MBPDF B-01)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF B-03) နှင့် မြို့ပြတော်ရေးတပ်ဦး (URF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၁၀) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း MBPDF မှ ဇွန်လ ၅ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

“ တိုက်ပွဲက တပေါင်းလထဲက စဖြစ်လာတာ အခုရက်ပိုင်းမှာတော့ အကြမ်းဆုံးလို့ ပြောရမှာပေါ့။ အရပ် မျက်နှာအစုံကို ပိတ်ပြီး တစ်ပေါက်၊ နှစ်ပေါက်လောက်ကို ဟန်ပြဖွင့်ပြီး အကုန်ညှပ်တိုက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ကယားမှာ လမ်းတွေ အကုန်ပိတ်ထားတယ်။ ဇရပ်ဖြူလမ်းလေးကို ဖွင့်လိုက်၊ ပိတ်လိုက်နဲ့ လုပ်ကြတယ်။ ကျန်တဲ့လမ်းလေးကို စိုးရိမ်စိတ်မရှိ၊ မတားဘဲ သွားကြလာကြတယ်။ နှစ်ဘက်စလုံး case က အဲ့မှာစတာပဲ “ ဟု သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်ပြီး ဒေသခံ တစ်ဦးက “ စစ်ကောင်စီဘက်ကလည်း လမ်းဖွင့်အချိန် သူ့လူတွေကို ခရီးရောက်သလောက် အရောက်ပို့တယ်။ PDF တွေဘက်ကလည်း လမ်းဖွင့်ချိန် ပစ္စည်းရိက္ခာသယ်ကြတယ်။ လမ်းက ခဏလေး ဖွင့်တာပဲဆိုတော့ သူအရေး၊ ကိုယ့်အရေး မကြည့်တော့ဘူး။ စစ်ကောင်စီကလည်း ဒီဘက်ကိုမကြည့် ဇွတ်တက်၊ ဒီဘက်ကလည်း ဇွတ်သယ်တော့ နောက်ဆုံးချောင်ပိတ်ပြီး နှစ်ဘက်ထိတွေ့ကြတာ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် ယမန်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အဝေးပစ် လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သောကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ်တစ်ဦး လက်နက်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ရကာ အရပ်သားနေအိမ် (၂) လုံး မီးလောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၄ ရက် ညပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ မိုးဗြဲမြို့ပေါ်ကို အဝေးပစ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သား ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မိုးဗြဲမြို့တွင် ဇွန်လ ၅ ရက်အထိ တိုက်ပွဲပြင်းထန်နေသေးသောကြောင့် မိဘပြည်သူများ အနေဖြင့် တိုက်ပွဲများ ဖြစ်ပွားနေရာများရှိ အနီးတဝိုက်တွင် အသွားအလာ မပြုလုပ်ကြရန် ၎င်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...