မိုးဗြဲမြို့ မိသားစု (၃) ဦး၊ လူငယ် (၂) ဦး သတ်ဖြတ်ခံရ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ စည်ကား (၂) ရပ်ကွက်ထဲတွင် နေထိုင်သည့် မိသားစု (၃) ဦး ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပုံ – ဟောင်း ( မိုးဗြဲမြို့တွင်း စစ်ကောင်စီ လေယာဥ် နဲ့ ဗုံးကြဲတိုက်ခိုက်)

ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့တွင်  နေရပ်ပြန်သွားသည့် မိသားစု ၃ ဦး ကို စစ်ကောင်စီက သေနတ်ပစ် သတ်ဖြတ်လိုက်ကြောင်း မိုးဗြဲ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သတ်ခံရတာတော့ ဟုတ်ပါတယ်။ ကျနော်လည်း အသေးစိတ်တော့ သေချာမသိဘူး။ ဖြစ်စဉ်က တိုက်ပွဲငြိမ်နေတော့ သူတို့အိမ်ပြန်သွားတယ်။ မြို့ထဲရောက်တော့ စစ်ကောင်စီ ကရှိနေတာ။ အဲ့တာ သမီးဖြစ်သူ နဲ့ အမေဖြစ်သူကို မုဒိမ်းကျင့်ပြီး သတ်လိုက်တယ်လို့ ကြားတယ်။ သေချာမသိရသေးဘူး။ အဖေကိုတော့ သေနတ်နဲ့ ပစ်သတ်တာတဲ့။ မိုးဗြဲမြို့ စည်ကား ရပ်ကွက် ၂ မှာဖြစ်တာပါ” ဟု မိုးဗြဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ထိုမိသားစု၏ ရုပ်အလောင်းကို စစ်ကောင်စီက ပြန်မပေးသေးကြောင်း သိရသည်။

ထို့အပြင် စည်ကားရပ်ကွက်ထဲရှိ လူငယ် ၂ ဦးကိုလည်း စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

“အဲ့နေ့မှာပဲ သူတို့ လူငယ် ၂ ဦးကို ထပ်ပစ်သတ်လိုက်တယ်။ ဦးခေါင်းကို ပစ်လိုက်တာ။ အခုက သူတို့ ပြည်သူတွေကို ဦးတည်ပြီးတော့ ပြန်သတ်နေတာ။ ကျား ၊ မ မရွေးသတ်နေတာပဲ။ သူတို့က မြို့ထဲမှာ တပ်စွဲပြီး နေထိုင်နေတာ” ဟု အထက်ပါသူက ပြောသည်။

အလားတူ မိုးဗြဲမြို့ထဲတွင် ဇွန် ၇ ရက်နေ့မှစပြီး တိုက်ပွဲ ငြိမ်နေသည့်အတွက် ပြည်သူများက နေရပ်ကို ပြန်သွားနေကြောင်း သိရသည်။

တိုက်ပွဲ ငြိမ်နေသော်လည်း စစ်ရေးတင်းမာမှုရှိနေသည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် နေရပ်ကို မပြန်သေးရန်အတွက် မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ပြောချင်တာတော့ ပြည်သူတွေနေရပ်ကို မပြန်သေးတာကောင်းတယ်။ တိုက်ပွဲကတော့ ငြိမ်နေတာ ဒီနေ့နဲ့ ဆိုရင်တော့ ၃ ရက်လောက်ရှိပါတယ်။ ဒါမဲ့ စစ်ရေးတော့ တင်းမာနေတာရှိတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲက စစ်ကောင်စီက အထိနာတယ်လေ။ အဲ့ကြောင့် အခုသူတို့ ပြည်သူတွေအပေါ် ပိုလုပ်တာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက် မိုးဗြဲမြို့ တိုက်ပွဲထဲတွင်လည်း အသက် ၁၀ အောက်ကလေးငယ် တစ်ဦး လက်နက်ကြီးကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ငယ်မုဒိမ်းကျူးလွန်သည့် ရွာငံအမျိုးသားတစ်ဉီး လွတ်မြောက်နေဆဲ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဉီးကို  မုဒိမ်းမှုကျူးလွန်ခဲ့သော အမျိုးသားတစ်ဦးကို တစ်လနီးပါးကြာသည်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ လက်ထိတ်တန်းလန်းဖြင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...