အပူချိန် မြင့်တက်လာခြင်းကြောင့် စစ်ရှောင်များ ဖျားနာနေ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့တွင် အပူချိန်မြင့်တက်လာခြင်းကြောင့် တောတောင်အတွင်းရှိ စစ်ရှောင်များ နေမကောင်းမှုများ ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရသည်။

စစ်ဘေးရှောင်များ

ပြီးခဲ့သည့် သတင်းပတ်မှစပြီး မိုးဗြဲဒေသတွင် အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် မြင့်တက်လာခြင်းကြောင့် တောတောင်အတွင်းရှိ ရေဆိုးရေညစ်၊ သစ်ပင်နှင့် ခြုံကြားတွင် ခြင်များပိုမို ပေါက်ဖွားလာနေသည်။

အဆိုပါ ခြင်များပေါများလာခြင်းကြောင့် တောတောင်အတွင်းရှိ စစ်ရှောင်များသည် ညဘက် ခြင်ထောင် မပါဘဲ အိပ်ရသဖြင့် ခြင်မှရသော ကူးစက်ရောဂါဖြစ်ပြီး စစ်ရှောင် ၄ ဦးသည် ငှက်ဖျားရောဂါကို စတင်ခံစားနေရကြောင်း Mobye Rescue Team မှ ဆရာမ တစ်ဦးက ပြောသည်။

“ ပူတဲ့ရာသီလည်း ရောက်တော့ တောမှာကြတော့ ငှက်ဖျားတွေ ဖြစ်နေတယ်။ အခုနောက်ပိုင်း ခြင်ပေါက်ဖွားမှု တွေက ပိုဖြစ်လာတော့လေ၊ အခု ငှက်ဖျားဖြစ်နေတဲ့သူက ၄ ဦး လောက် တွေ့ထားတယ်။ သူတို့က သစ်ပင်တွေ၊ ခြုံတွေ စုပေါင်းတဲ့ နေရာမှာနေရတော့ ခြင်တွေကိုက်လည်း ပါမှာပေါ့ “ ဟု ၎င်း ဆရာမတစ်ဦးက ပြောသည်။

လက်ရှိ ငှက်ဖျားရောဂါ ဖြစ်ပွားနေသူ စစ်ရှောင် ၄ ဦးကို Mobye Rescue Team မှ ဆေးဝါးကုသပေးနေပြီး ကျန်ရှိနေသည့် စစ်ရှောင်များ ငှက်ဖျားရောဂါ ကာကွယ်ဖို့အတွက်လည်း ဆေးဝါးနှင့် ဆေးခြင်ထောင်များကို ပံ့ပိုးစေလိုကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ ဆီဆိုင်မြို့နယ် သျှမ်း – ကယားနယ်စပ်ဒေသရှိ စစ်ရှောင်စခန်းတစ်နေရာတွင်လည်း ယခုရက်ပိုင်းမှာ အပူချိန် မြင့်တက်လာသည့်အတွက် မိခင် နှင့် ကလေးငယ်များ နေထိုင်ရန် ခက်ခဲခြင်း၊ ဖျားနာခြင်း စသည့် အခက်ခဲဖြင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“အပူချိန်မြင့်တော့ ကလေးလည်း ငိုတယ်၊ နေရတာ တအားပူတယ်။ ကလေးက အခုမှ ၂ လတောင် မပြည့်သေးဘူး။ နေ့လယ်ဆို အရမ်းပူတော့ ကလေးက တအားငိုတာ။ အေးတဲ့ နေရာနားမှာ ခေါ်နေရတယ်။ နို့လည်း မစို့တော့ဘူး။ နေမကောင်း၊ မကျန်းမမာဖြစ်မှာတော့ စိုးရိမ်ရတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားချက်များအရ မေလ နှင့် ဇွန်လအတွင်း မိုးခေါင်နိုင်သည့် အခြေအနေ ဖြစ်ပေါ် နိုင်ပြီး ဆည်၊ မြောင်း ရေခန်းခြောက်ခြင်း၊ မြေဆီလွှာစိုထိုင်းမှုများ လျော့ကျခြင်း စသည်ဖြင့် အလယ်ပိုင်း၊ အထက်အညာဒေသတွင် ပိုဆိုးဝါးလာနိုင်သဖြင့် သောက်ရေ၊ သုံးရေတွေ ကြိုတင်ပြင်ဆင်ထားနိုင်ရန်လည်း သတိပေးထားသည်။

ထို့အပြင် (ဧပြီ ၁၉ ရက်မှ မေ ၁ ရက်နေ့) အထိ သျှမ်းပြည် တောင်ကြီးမြို့တွင် အမြင့်ဆုံး အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်၊ လားရှိုးတွင် အမြင့်ဆုံး အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် နှင့် လွိုင်ကော်တွင် အမြင့်ဆုံး အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် မြင့်တက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ (ဧပြီ ၁၉ ရက်) တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီးရောက် စစ်ရှောင်များကို စစ်တပ်က နေရပ်အတင်းပြန်ခိုင်း၊ မပြန်လျှင် မြေသိမ်းမည် ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...