Wednesday, January 28, 2026

မိုးဗြဲမြို့

မိုးဗြဲမြို့အတွင်း စစ်ကောင်စီက တပ်ဆွဲနေထိုင်နေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီက အင်အားဖြည့်ပြီး ဝင်ရောက်တပ်စွဲနေထိုင်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၈) ရက် ညနေပိုင်းတွင် မွေတော်ဘုန်းကြီးကျောင်း၊ ကက်သလစ်ဘုရားကျောင်း နှင့် စည်ကားရပ်ကွက်များထဲတွင် စစ်ကောင်စီက အင်အားဖြည့်လာနေကြောင်း သိရသည်။ “မနေ့ ညကတည်းက အင်အားဖြည့်ပြီးတော့ မိုးဗြဲမြို့ထဲဝင်လာတာ။ မွေတော်ဘုန်းကြီးကျောင်းတွေ၊ ကက်သလစ်ဘုရားကျောင်းတွေမှာလည်း အင်အားဖြည့်နေတာ။...

မိုးဗြဲမြို့ စစ်ရှောင်စခန်း လက်နက်ကြီးကျ ကလေး(၂) ဦးအပါဝင် (၄) ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် ယနေ့ (စက်တင်ဘာ ၁၆) ရက် နံနက်ပိုင်းတွင် စစ်ရှောင်များနေထိုင်သည့် မွေတော်ကျောင်းထဲသို့ လက်နက်ကြီးကျကာ ကလေး (၂) ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၅) ရက် ညပိုင်းမှ စပြီး...

မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အရပ်သား ၂ ဦး ထိခိုက်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ကက်သလစ်ခရစ်ယာန်ကျောင်းမှ စစ်ကောင်စီတပ်ဖွဲ့များ တပ်ဆုတ်ခွာပြီးနောက် လက်နက်ကြီး ပစ်ခတ်ပြီး လူငယ် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၃) ရက် ညနေ ၄ နာရီမှ ၇ နာရီအထိ စစ်ကောင်စီက လွိုင်ကော်မြို့နယ်ဘက်မှ မိုးဗြဲမြို့ထဲကို...

စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်သွားကူရန် ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အတွင်းရှိ စစ်ရှောင်များထံ ပစ္စည်းသွားရောက်လှူဒါန်းရန် အတွက် ခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိကာလမှာ ကုန်စျေးနှုန်း နှင့် စက်သုံးဆီ မြင့်တက်လာမှုကြောင့် မိုးဗြဲစစ်ရှောင် ဦးရေ (၁၀၀၀) ထက်မနည်းထံ ပစ္စည်းသွားရောက်လှူဒါန်းရန် ခက်ခဲနေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောဆိုလိုက်သည်။ စစ်ရှောင်စခန်းသည် တောတောင်ထဲတွင် ရှိနေပြီး စစ်ရှောင်များလိုအပ်သော...

မိုးဗြဲမြို့ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးသွား

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ စည်ကား (၁) ရပ်ကွက်တွင် ယနေ့ (ဇူလိုင် ၁၈) နံနက် ၇ နာရီ၌ စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်သွားကြောင်း စုံစမ်းသိရသည်။ ယနေ့ နံနက်ပိုင်းတွင် မိုးဗြဲမြို့အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF...

Latest news