Friday, May 3, 2024

မိုးဗြဲမြို့ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးသွား

Must read

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ စည်ကား (၁) ရပ်ကွက်တွင် ယနေ့ (ဇူလိုင် ၁၈) နံနက် ၇ နာရီ၌ စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်သွားကြောင်း စုံစမ်းသိရသည်။

ယနေ့ နံနက်ပိုင်းတွင် မိုးဗြဲမြို့အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

“တိုက်ပွဲတွေလည်း ဖြစ်တယ်။ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံတွေကြားနေရတယ်။ ပစ်ခတ်မှုတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ မြို့ထဲထိပစ်လာတာ။ သူတို့လက်နက်ကြီးကြောင့် အိမ်တစ်လုံး မီးလောင်သွားတယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စကစ လက်နက်ကြီးပစ်ခတ်ပြီး နေအိမ်တလုံးမီးလောင်စဥ်

အဆိုပါ မီးလောင်မှုကြောင့် နေအိမ်တစ်ခုလုံးဆုံးရှုံးသွားလိုက်ရကြောင်း သိရသည်။

“တစ်အိမ်လုံးမီးလောင်သွားခဲ့တယ်။ ဘာမှ ပြန်မရဘူး။ တစ်အိမ်လုံးဆုံးရှုံးသွားလိုက်ရတယ်။ အထဲက ဘာမှ ပြန်မယူနိုင်ခဲ့ဘူး” ဟု မိုးဗြဲမြို့ ထိုအိမ်နှင့် နီးစပ်သူက ပြောသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် မိုးဗြဲ PDF တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေလျက်ရှိကြောင်းသိရသည်။

အလားတူ ယနေ့ ဇူလိုင် (၁၈) ရက်နေ့မှစပြီး မိုးဗြဲပြည်သူများအနေဖြင့် မြို့တွင်းသွားလာခြင်း မပြုရန်အတွက် မိုးဗြဲ PDF မှ ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article