Wednesday, January 28, 2026

မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အရပ်သား ၂ ဦး ထိခိုက်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ကက်သလစ်ခရစ်ယာန်ကျောင်းမှ စစ်ကောင်စီတပ်ဖွဲ့များ တပ်ဆုတ်ခွာပြီးနောက် လက်နက်ကြီး ပစ်ခတ်ပြီး လူငယ် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၃) ရက် ညနေ ၄ နာရီမှ ၇ နာရီအထိ စစ်ကောင်စီက လွိုင်ကော်မြို့နယ်ဘက်မှ မိုးဗြဲမြို့ထဲကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“မနေ့က သူတို့ လက်နက်ကြီးတွေနဲ့ မြို့ထဲကို ရမ်းသမ်းပစ်ခတ်တာ။ လူငယ် ၂ ဦး ထိခိုက်ပြီး နေအိမ်တွေ တစ်ချို့က ပျက်စီးသွားတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး။ သူတို့က လွိုင်ကော်ဘက်ကနေပဲ လက်နက်ကြီးတွေကို ရမ်းသမ်းပစ်ခတ်ခဲ့တာ” ဟု ၎င်းကို ပြောသည်။

မိုးဗြဲမြို့ လက်ရှိ အခြေအနေ

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသည့် လူငယ် ၂ ဦးထဲမှ တစ်ဦးသည် ဒဏ်ရာပြင်းထန်ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာမပြင်းထန်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲမှ ထွက်ခွာပြီးဖြစ်သော်လည်း တိုက်ပွဲက အချိန်မရွေး ဖြစ်ပွားနိုင်သည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် လုံခြုံသည့် နေရာတွင် နေထိုင်ရန် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အလားတူ ယခုရက်ပိုင်း ပြည်သူများက မိုးဗြဲမြို့မှ ထွက်ခွာပြီး စစ်ရှောင်စခန်းသို့ သွားရောက်နေထိုင်နေကြောင်း သိရသည်။

“ကျနော်တို့ မိုးဗြဲမှာက စစ်ကောင်စီ တပ်တော့ မရှိတော့ဘူး။ တပ်ဆုတ်သွားပြီ။ တပ်ဆုတ်သွားတယ်ဆိုပေမဲ့ နယ်မြေက မငြိမ်းချမ်းသေးဘူး။ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်လေ။ မနေ့ကလိုမျိုး သူတို့ဘက်က တစ်ဘက် သတ်ပစ်လာနိုင်တယ်။ ပြည်သူတွေကို လုံခြုံတဲ့နေရာမှာ နေဖို့ပဲ ပြောချင်ပါတယ်” ဟု၎င်း ကဆိုသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်တွင်လည်း PDF တပ်ဖွဲ့တို့ နယ်မြေ ရှင်းလင်းနေချိန်တွင် ပြည်သူတစ်ဦးက လိုက်သွားပြီး မြေမြှုပ်မိုင်းနင်းမိသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့သည် စက်တင်ဘာ ၈ ရက်မှစပြီး တိုက်ပွဲ (၅) ရက် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဆုတ်ခွာသွားခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...