စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်သွားကူရန် ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အတွင်းရှိ စစ်ရှောင်များထံ ပစ္စည်းသွားရောက်လှူဒါန်းရန် အတွက် ခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိကာလမှာ ကုန်စျေးနှုန်း နှင့် စက်သုံးဆီ မြင့်တက်လာမှုကြောင့် မိုးဗြဲစစ်ရှောင် ဦးရေ (၁၀၀၀) ထက်မနည်းထံ ပစ္စည်းသွားရောက်လှူဒါန်းရန် ခက်ခဲနေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောဆိုလိုက်သည်။

စစ်ရှောင်စခန်းသည် တောတောင်ထဲတွင် ရှိနေပြီး စစ်ရှောင်များလိုအပ်သော စားနပ်ရိက္ခာများ၊ ဆေးဝါးများကို သွားရောက်ကူညီရန်အတွက် စက်သုံးဆီဈေး အဆမတန် မြင့်တက်နေသောကြောင့် ယနေ့ချိန်ထိ သွားလှူရန် ခက်ခဲနေကြောင်း မိုးဗြဲ စစ်ရှောင်ကူညီရေးအသင်း (Mobye Rescue Team) မှ တာဝန်ခံ အမျိုးသမီး တစ်ဦး ပြောသည်။

စစ်ရှောင်စခန်း

“ကျမတို့က စစ်ရှောင်စခန်းကို အဝေးကြီးသွားရတယ်။ ကားနဲ့အသွားအပြန် တစ်ခေါက်ဆိုရင် ဓာတ်ဆီ (၁၀) ဂါလံ နဲ့ (၁၅) ဂါလံ ကြားလောက်ကုန်ပါတယ်။ ကျမတို့ကားက ဓာတ်ဆီ (95) လီတာ ထည့်ရတယ်၊ အခုတစ်ဂါလံကို (၁၇,၀၀၀) ကျပ်လောက် ရှိတယ်။ အခုစစ်ရှောင်ကို သွားရောက်ကူညီဖို့ အရမ်းခက်နေပြီ“ ဟု ၎င်းတာဝန်ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

မိုးဗြဲ စစ်ရှောင် (၁,၀၀၀) ကျော်အတွက် စားနပ်ရိက္ခာများ၊ ဆေးဝါးများ ပြတ်လပ်နီးပါးဖြစ်နေကြောင်း သိရသည်။

ထို့အပြင် ပင်လောင်းမြို့နယ် လွယ်ကျိုင့်စစ်ရှောင် ဦးရေ (၆၀၀) ကျော်သည် ပြီးခဲ့သည့် သြဂုတ် (၁၅) ရက်တွင် နေရပ်သို့ ပြန်ရန်အတွက် အိမ်ပြန်လမ်းတလျောက်တွင် မြေမြှုပ်မိုင်းများ ရှိနေသဖြင့် လွယ်ကျိုင့်စစ်ရှောင်စခန်းသို့ လှည့်ပြန်ခဲ့ရကြောင်း သိရသည်။

“ ပြီးခဲ့တဲ့ (၃) ရက်နေ့က ကျနော်တို့ အိမ်ကိုပြန်ဖို့ လမ်းတစ်ဝက်မှာ ဆောင်နန်းခဲကျေးရွာကို ရောက်နေပြီ။ သက်ဆိုင်ရာက ကျနော်တို့ လိုက်ပို့ပေးတဲ့သူကို ဖုန်းဆက်လာတယ်။ အိမ်ပြန်လမ်းတလျှောက်မှာ မြေမြှုပ်မိုင်းတွေအများကြီးရှိနေသေးလို့တဲ့၊ ကျနော်တို့ကိုလည်း မပေးပြန်တော့ဘူး။ စစ်ရှောင်အားလုံး လွယ်ကျိုင့်စခန်းကို ပြန်လာရတယ် “ ဟု လွယ်ကျိုင့် စစ်ရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီတို့ကြား ယနေ့အချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကာ စစ်ရှောင်များလည်း စားဝတ်နေရေးအတွက် ခက်ခဲနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...