Saturday, April 20, 2024

မိုးဗြဲမြို့အတွင်း လက်နက်ကြီးကျ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ ကုန်းသာကျေးရွာအတွင်း လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့သည့် အတွက်ကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပုံ – ရွှေလွိုင်ကော် ပရဟိတ

ယမန်နေ့ (မေလ ၁၈) မွန်းလွဲ ၁ နာရီဝန်းကျင်တွင် လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ကုန်းသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးတစ်လုံးပဲကျတာပါ။ သူ့ ခြံဝန်းထဲကျတာ။ သူက အိမ်ထဲမှာ အိပ်နေတာ။ မိုင်းစထိသွားတာပါ။ သူ့ခါးတွေ ၊ လက်တွေ၊ ခြေထောက်တွေ ထိသွားတာပါ။ အသက် အန္တရာယ်အထိတော့ မစိုးရိမ်ရပါဘူး” ဟု ရွှေလွိုင်ကော် ပရဟိတ အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်နက်ကြီး စ ထိမှန်သွားသည့် အမျိုးသားသည် အသက် ၄၀ အရွယ်ရှိနေပြီး၊ ထိုလက်နက်ကြီး ကျသည့်အချိန်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုရှိနေကြောင်း သိရသည်။

“ တိုက်ပွဲမဖြစ်တာတော့ ၁ ပတ်ကျော်လောက်ကြာနေပြီ။ စစ်ကောင်စီကတော့ လက်နက်ကြီးတွေကို ရမ်းပစ်နေတာတော့ရှိတယ်။ အခုထိသွားတဲ့တစ်ယောက်က ဒီ ၂၀၂၃ ခုနှစ်မှာဆိုရင် ပထမဆုံးလူဖြစ်တယ်။ တိုက်ပွဲဖြစ်တာကတော့ ဖယ်ခုံမြို့နယ် နဲ့ ပင်လောင်းမြို့နယ် အစပ်တွေမှာပဲ ဖြစ်တာများတယ်” ဟု မိုးဗြဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

သျှမ်းပြည် နှင့် ကရင်နီ ‌ဒေသအတွင်း ၂၀၂၃ ခုနှစ်တွင် လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသူ ၁၂ ဦးရှိခဲ့ပြီး ဖြစ်ကြောင်း ကရင်နီ‌ဒေသတွင်း လှုပ်ရှားသည့် အရပ်သားအဖွဲ့များထံမှ သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article