Thursday, May 2, 2024

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ပိုတိုက်ခိုက်လာ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ပိုပြီးတိုက်ခိုက်လာကြောင်း စုံစမ်းသိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်

ယခု ဧပြီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ သည် ဖယ်ခုံမြို့နယ်တွင်း စစ်အင်အားဖြည့်တင်းလာပြီး တောင်စလုံး နှင့် မြောက်စလုံးဘက်တွင် လက်နက်ကြီး အပြင် တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“အခုက တိုက်လေယာဉ်တွေနဲ့ ပိုပြီးတော့ သုံးလာခဲ့တယ်။ အခုက တောင်စလုံး နဲ့ မြောက်စလုံးဘက်တွေမှာ လက်နက်ကြီးတွေနဲ့ကော လေယာဉ်တွေနဲ့ကော ပိုပြီး တိုက်ခိုက်လာတယ်။ အခုနောက်ပိုင်းက တိုက်ပွဲတော့ ပိုပြီး ပြင်းထန်လာတယ်” ဟု PNDF KK ဗဟို နှင့် ပြန်ကြားရေးတာဝန်ခံ ခွန်ဘန်ဂျမင်းက ပြောသည်။

ယခု တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဘက် ထိခိုက်မှုများသည့်အတွက်ကြောင့် တိုက်လေယာဉ်များပိုပြီး အသုံးပြုလာခဲ့ကြောင်းသိရသည်။

“ သူတို့ဘက်က ထိခိုက်မှုတွေလည်း များတယ်။ အဲ့ကြောင့် တိုက်လေယာဉ်တွေ နဲ့ ပိုပြီးသုံးလာခဲ့တာဖြစ်မယ်။ ကျနော်တို့ဘက်လည်း ထိခိုက်ဒဏ်ရာရတာတွေတော့ရှိပါတယ်။ အင်အားတွေ ဖြည့်လာခဲ့တယ်။ သူတို့ လေယာဉ်နဲ့ ပစ်တာတော့ တော်တော်များပါတယ်” ဟု ခွန်ဘန်ဂျမင်းက ပြောသည်။

ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်အတွင်းတွင် မတ်လ ပထမပတ်မှ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ အထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ယနေ့ မနက် ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article