NUG မှ လက်နက် လုံလောက်ထောက်ပံ့ပေးစေချင်

ဇွန်လ (၅) ရက်နေ့က စတင်ပြီးဖြစ်ပွားခဲ့တဲ့ မိုးဗြဲမြို့ပေါ်က စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ တိုက်ပွဲဟာ ယနေ့အထိ ဆက်လက် ပြင်းထန်နေပါတယ်။ အဆိုပါ တိုက်ပွဲဟာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေတဲ့အပြင် စစ်ကောင်စီကလည်း ဖယ်ခုံမြို့နယ် အင်းအနောက်ဘက်ကမ်း ခေါင်းအိကျေးရွာဘက်ကို စစ်မီးကူးသွားနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ဖယ်ခုံအင်းအရှေ့ဘက်ကို စစ်ဦးတည် တိုက်ခိုက်ဖို့ စစ်အင်အားတွေ ဖြည့်နေတယ်လို့ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှာ လှုပ်ရှားတဲ့ PDF တပ်ရင်းတွေကနေ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရတဲ့ ပုံ

အခု တိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း ကျဆုံးမှုများပြီးတော့ PDF ဘက်ကလည်း ကျဆုံးမှုတွေ ရှိနေပါတယ်။ အခုလို တိုက်ပွဲအတွင်းမှာ PDF ဘက်ကကော အခက်ခဲ ဘယ်လိုရှိနေလဲဆိုတာ မိုးဗြဲမြို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ က တိုက်ပွဲဝင်နေသည့် PDF တပ်သားတစ်ဦးကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က ဆက်သွယ်မေးမြန်းထား ပါတယ်။

မေး။ ။ အခုတလော တိုက်ပွဲအခြေအနေ ဘယ်လိုရှိနေပါသလဲ။

ဖြေ။ ။ အခု တိုက်ပွဲအခြေနေကတော့ ပြင်းထန်နေပါတယ်။ ၂ ရက်လောက်တော့ ရှိနေပြီ။ မိုးဗြဲမြို့ပေါ်မှာပဲ။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ စည်ကားဘက်တွေ ဖြစ်နေတာပါ။

မေး။ ။ အခုတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဘက်တွေကလည်း ကျဆုံးမှုများတာ တွေ့နေရပါတယ်။ ဒါဘာကြောင့် ဖြစ်မယ်လို့ထင်ပါသလဲ။

ဖြေ။ ။ ကျဆုံးမှုများသွားတဲ့ ပွဲကတော့ ရန်သူတွေရဲ့ လက်နက်ကြီး အဆမတန် အသုံးပြုမှုတွေကြောင့် ဖြစ်တယ်။ သူတို့က အခု ဖယ်ခုံတို့ ၊ မိုးဗြဲဘက်တို့ကို လက်နက်ကြီး တွေပစ်တယ်။ ပြီးတော့ လွိုင်ကော်ကနေ ပစ်တယ်။ ပြီးတော့ သူတို့က တင့်ကားတွေနဲ့လည်း ပစ်တာရှိတယ်။ အဲ့ကြောင့်မလို့ ကျနော်တို့ဘက်ကလည်း ကျဆုံးမှုတွေလည်း များသွားတာပေါ့နော်။ တိုက်ပွဲ အခြေနေပေါ်မူတည်ပြီးတော့ သူတို့က လက်နက်ကြီးတွေ ပစ်ခတ်တာရှိတယ်။ သူတို့အထိနာတယ်ဆိုရင်တော့ လေယာဉ်တွေနဲ့ လာပစ်ကူတဲ့ အထိရှိတယ်။ ဇွန်လအတွင်းမှာတော့ ညောင်းဝိုင်းအတွင်းမှာ လေယာဉ်နဲ့ သုံးတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲအတွင်း သုံးတယ်။ ဒီလထဲမှာပဲ လေကြောင်းသုံးတာ ၄ ခါ လောက်ရှိပြီ။ ကျနော်တို့ဘက်ကတော့ ကျဆုံးတာတော့ ၂ ဦး ပေါ့နော်။ ၁ ဦးကတော့ စိုးရိမ်နေရပါတယ်။

မေး။ ။ အခုလို တိုက်ပွဲအတွင်းမှာ ဘာတွေ အခက်ခဲဆုံး ဖြစ်ပါသလဲ။

ဖြေ ။ ။ တိုက်ပွဲတိုင်းမှာတော့ ကျနော်တို့ အခက်ခဲကတော့ လက်နက်ခဲယမ်းပါပဲ။ ကျနော်တို့မှာ လက်နက်ကြီးတွေ ရှိတယ်ဆိုပေမဲ့လည်း အပြည့်ဝ မရှိဘူးပေါ့။ ရှိတော့ရှိတယ်။ အများတော့ မဟုတ်ဘူး။ ကျနော်တို့ ကျည်ဆံတွေနဲ့ပဲ တောင့်ခံနေရပါတယ်။ ပြည်သူရဲ့ ထောက်ပံ့မှုပဲ အားကိုးနေရတယ်။ ပြီးတော့ ကျနော်တို့က NUG အောက်က အပြည့်ဝ ထောက်ပံ့မှု မရှိဘူး။

မေး ။ ။ NUG လက်အောက်မှာရှိပြီးတော့ လက်နက်အပြည့်ဝ ထောက်ပံ့မှု မရတဲ့အပေါ်မှာကော ဘာပြောချင်ပါသလဲ။

ဖြေ။ ။ အခုတိုက်ပွဲမှာ ကျနော်တို့ ကျဆုံးမှုများတာက NUG က အပြည့်ဝ မထောက်ပံ့လို့ ဆိုတာမျိုးလည်း ပြောလို့ရပါတယ်။ တကယ်လို့ NUG ကနေ ကျနော်တို့ကို ကျည်ဆံတွေ ၊ လက်နက်ကြီးတွေ ၊ လက်နက်ကြီးဆိုတာကလည်း ၇၉ တို့ RPG တို့ တစ်ခြား စက်သေနတ်တွေတို့ ထိထိရောက်ရောက် ထောက်ပံ့နိုင်မယ်ဆိုရင်တော့ တိုက်ပွဲအခြေနေက အပြောင်းလဲ ထပ်တစ်မျိုးပြောင်းနိုင်မယ်။ ကျနော်တို့လည်း NUG ကနေ အများကြီးတော့ မတောင်းဆိုချင်ပါဘူး။ မြေပြင်မှာ အမှန်တကယ် အလုပ်လုပ်နေတဲ့သူကို အမှန်တကယ်ထောက်ပံ့ ၊ လုံလုံလောက်လောက် ထောက်ပံ့ပေးရင်တော့ ကောင်းတာပေါ့။ ဒါလေးတွေပဲ တောင်းဆိုချင်ပါတယ်။

လက်နက်များ

မေး။ ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက ကျဆုံးမှုကကော ဘယ်လောက်ထိ ရှိပါသလဲ။ ပြည်သူတွေဘက်ကကော ထိခိုက်မှုတွေ ဘယ်လောက်ရှိပါသလဲ။

ဖြေ ။ ။ အတိကျတော့ မပြောနိုင်ဘူး။ သူတို့က လူအင်အားများတယ်ဆိုတော့ ပိုထိတာလည်း ပါတာပေါ့နော်။ သူတို့ကတော့ လက်နက်ကြီးတွေကို အလွန်အကျွံ သုံးနေတယ်။ တစ်ခါတစ်လေမှာ မထင်သလို ပစ်နေတာ။ စစ်ဘေးရှောင်စခန်းတွေလည်း ပစ်တာလည်းရှိတယ်။ မြို့ထဲကို လက်နက်ကြီးတွေ ပစ်တာဆိုတော့ နေအိမ်တွေလည်း ပျက်စီးသွားတာ ရှိတယ်။ အတိကျတော့ ကျနော်တို့လည်း မပြောနိုင်ဘူး။ တစ်ချို့ဆို အိမ်ပျက်စီးသွားတာတို့လည်းရှိတယ်။ ပြည်သူတွေကတော့ သေဆုံးမှုကတော့ ကျနော်တို့ သိရသလောက်တော့ ၂၀ နီးပါးလောက်ရှိမယ်။ တိုက်ပွဲစဖြစ်တဲ့အချိန်ကနေ အခုထိပေါ့။ ဒါက မိုးဗြဲမြို့ပေါ်ပဲ။

မေး ။ ။ အခုနောက်ပိုင်း ဖယ်ခုံ၊ မိုးဗြဲဘက်ကို စစ်ကောင်စီက ဘာကြောင့် ပိုပြီးတိုက်ခိုက်လာတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဒီ ကရင်နီဘက်တွေက တော်လှန်ရေးသမားတွေ ပြုတ်သွားပြီဆိုရင် ဒီတော်လှန်ရေးက အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းမယ်လို့ တွက်ဆပါတယ်။ ဒါကတော့ ကျနော့် အမြင်ပါ။ ဘာဖြစ်လို့လဲဆိုရင် တစ်ခြားဒေသက ငြိမ်နေတယ်လေ။ အဓိက သျှမ်းပြည်ထဲမှာ တိုက်ခိုက်နေတာ ကျနော်တို့ ဒီဖယ်ခုံ၊ မိုးဗြဲ ဖြစ်တယ်လေ။ ဒီဘက်မှာက တိုက်ပွဲကြမ်းနေတယ်။ အကြမ်းဆုံး နေရာကို သူတို့က အရင်တိုက်မယ်ထင်တယ်။ ပြီးတော့ ကျနော်တို့ဘက်က နေပြည်တော် နဲ့ နီးတာလည်း ပါတာပေါ့။ လမ်းတွေဘာတွေကော ၊ ကျနော်တို့ရဲ့ ဆက်သွယ်ရေးလမ်းတွေကို ဖြတ်တောက်ချင်တာနဲ့တူပါတယ်။ ကျနော်တို့ အဓိက စားနပ်ရိက္ခာတွေ ဘာတွေကို ဖြတ်တောက်နိုင်ရင်တော့ သူတို့ ဒီနေရာ အင်အားများများသုံးပြီးတော့ ထိန်းစရာ မလိုတော့ဘူးပေါ့။

မေး။ ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဘာများဆက်ပြီးပြောချင်ပါသလဲ။

ဖြေ။ ။ ဘာမှ မရှိတော့ပါဘူး။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...