Tuesday, January 27, 2026

မိုးဗြဲမြို့ တောထဲရောက် စစ်ရှောင်ကလေးငယ်များ ဖျားနာပြီး ဆေးကုသရန် ဆေးဝါးမလုံလောက်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ နှင့် အလှမ်းဝေးပြီး တောထဲရောက်ရှိနေသည့် စစ်ရှောင် ကလေးငယ်များ ဖျားနာနေပြီး ကုသရန် ဆေးဝါးမလုံမလောက်ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

မိုးဗြဲ စစ်ဘေးရှောင်

သြဂုတ်လပိုင်းမှစပြီး ယခု (ဒီဇင်ဘာလ) အထိ အလှူရှင်များ မရှိသဖြင့် ဆေးဝါးဝယ်ယူရန် ငွေရေးကြေးရေး ခက်ခဲနေကြောင်း၊ နယ်စပ်ဒေသတွင် လမ်းကြောင်း ပိတ်ဆို့မှုများရှိလာသဖြင့် ဆေးဝါးမှာယူရန် အခက်ခဲရှိ နေကြောင်း Mobye Rescue Team မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် တစ်နှစ်ကျော်ကြာ မိုးဗြဲ မြို့နှင့်အလှမ်းဝေးပြီး တောထဲသို့ ရောက်ရှိနေသည့် စစ်ရှောင်ဦးရေ ၄၀၀ ကျော်ရှိကာ လက်ရှိမှာ အအေးမိ ဖျားနာနေကြောင်း သိရသည်။

ထိုဖျားနာမှုများထဲတွင် ၁၀ နှစ်အောက် ကလေးငယ် ဦးရေ ၁၀၀ ခန့်ရှိကာ ဆေးကုသရန် ဆေးဝါးမလုံလောက် ဖြစ်နေကြောင်း Mobye Rescue Team မှ အဖွဲ့ဝင်က ဆိုသည်။

“ အခုဆောင်းဝင်ပြီဆိုတော့ အနွေးထည်ကြောင့်မရှိတာ ကလေးငယ် တော်တော်များများ ဖျားနာနေတယ်။ (၅)နှစ်၊ (၁၀) နှစ်အောက် ကလေးတွေ ဖျားနေတဲ့သူ ပျှမ်းမျှ ဦးရေ ၁၀၀ လောက်ရှိတယ်။ အခုတလော အလှူရှင် မရှိဘူး။ ဆေးဝါးမှာဖို့လည်း ခက်လာတယ်။ ဖျားနေတဲ့ ကလေးတွေကို ကုသဖို့ ဆေးဝါး မလုံလောက်ဘူး “ ဟု ၎င်းတာဝန်ခံတစ်ဦးက ပြောသည်။

လက်ရှိ ဖျားနာနေသည့် ကလေးငယ် ဦးရေ ၁၀၀ ဦးခန့်ကို Mobye Rescue Team မှ စုဆောင်းထားသော ဆေးဝါးနှင့်သာ ကုသပေးနေပြီး ယခု (ဒီဇင်ဘာလ) ကုန်ပိုင်းမှာ အလှူရှင် မရှိလျှင် ဆေးဝါးများ ပြတ်တောက်နိုင် ဖွယ်ရှိကြောင်း သိရသည်။

ထို့အပြင် စစ်ရှောင်များ အသုံးပြုရသော ရေ များကို ကားဖြင့် သယ်ယူပို့ဆောင်ရန် စက်သုံးဆီ ကုန်ကျစရိတ် လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ အသက် ၂၅ နှစ် ဝန်းကျင် အမျိုးသမီးတစ်ဦး ကပြောသည်။

“ အခုလကစပြီး ရေ က စရှားတော့မယ်။ မိုးလည်းမရှိတော့ဘူးဆိုတော့ ရေကိုချွေသာပြီး သုံးရတော့မယ်။ ရေမရှိတဲ့ နေရာကို ကျမတို့ကားနဲ့ သယ်ပို့ဖို့ အစီစဉ်ရှိတယ်။ ရေကိုကားနဲ့ သယ်ပို့မယ်ဆိုရင် အဓိက ကတော့ စက်သုံးဆီ အခက်ခဲပေါ့ တစ်ခါသွားရင် စက်သုံးဆီဖိုး ကျပ် (၃သောင်း) လောက်ကုန်တယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက် ဖယ်ခုံမြို့နယ် အင်းအရှေ့ဘက်ကမ်းတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ခြိမ်းခြောက် ပစ်ခတ်မှုကြောင့် ၇ နှစ် ကလေး တစ်ဦး နှင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ထိမှန်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...