မိုးဗြဲမြို့ စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ်တွေပျက်စီး

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။

တိုက်ပွဲကြောင့် ပြည်သူ့နေအိမ်ထိခိုက်ပျက်စီး

ယမန်နေ့ (ဇန်နဝါရီ ၂၄) ရက် ည ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်ထဲ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးကို ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ နှစ်ဦးနှစ်ဖက် ပစ်ခတ်ကြတာ။ စစ်ကောင်စီ နဲ့ PDF တို့ ပစ်ခတ်ကြတာ။ ဘယ်အဖွဲ့စည်းတွေပါလဲတော့ မသိဘူး။ နေအိမ်တွေ လက်နက်ကြီး ကျတာတွေရှိတယ်။ အခု လောလောဆယ်တော့ နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးသွားတာရှိတယ်။ လူထိခိုက်တာတော့ မကြားမိသေးဘူး” ဟု မိုးဗြဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲ အနီးနားတွင် နေထိုင်သည့် ပြည်သူများက ရှောင်တိမ်းနေကြရပြီး တစ်ဖက်တွင်လည်း မြို့ထဲတွင် နေ့အချိန်မှာ ပုံမှန်သွားလာနေကြောင်း သိရသည်။ ထို့အပြင် တိုက်ပွဲသည် ညအချိန်မှ ဖြစ်ပွားလေ့ရှိကြောင်းသိရသည်။

“ တိုက်ပွဲဖြစ်တဲ့နေရာမှာ နေတဲ့သူတွေကတော့ ထွက်ပြေး တိမ်းရှောင်နေကြတာတော့ရှိပါတယ်။ တိုက်ပွဲကလည်း ညအချိန်ပဲ ဖြစ်တာများတယ်။ ဒါပေမယ့် မြို့ထဲမှာတော့ ပုံမှန်သွားလာနေတာတော့ ရှိပါတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

တိုက်ပွဲကြောင့် ပြည်သူ့နေအိမ်ထိခိုက်ပျက်စီး

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရခြင်းသည် စစ်ကောင်စီက မြို့တွင်း ပြည်သူနေအိမ်တွေမှာ လိုက်လံနေထိုင်မှုရှိသောကြောင့် မြို့တွင်းမှ စစ်ကောင်စီတွေ ထွက်သွားပေးရန် ပြည်သူများက တောင်းဆိုကြသည်။

“တိုက်ပွဲကိုတော့ ဘယ်နေရာမှ မဖြစ်စေချင်ဘူး။ တိုက်ပွဲဖြစ်ရတာလည်း စစ်တပ်က သူတို့ တပ်စခန်းမှာမနေပဲ ပြည်သူရှိတဲ့ အိမ်မှာဝင်နေတော့ အဆင်မပြေဘူးလေ။ စစ်တပ်က မြို့ထဲက ပြည်သူတွေအိမ်မှာနေသ၍တော့ တိုက်ပွဲ ဆက်ရှိနေအုံးမှာပဲ။ စစ်တပ်တွေ သူတို့ တပ်စခန်းမှာပဲ သွားနေခိုင်းစေချင်တယ်” ဟု ဒေသခံများက ပြောသည်။

အလားတူ မိုးဗြဲမြို့ထဲတွင် လက်နက်ကြီးသံများ နှင့် တိုက်ပွဲဖြစ်ပွားမှု အချိန်မရွေး ဖြစ်ပွားနိုင်သည့် အတွက်ကြောင့် ပြည်သူများအနေဖြင့် နေအိမ်မှ မထွက်ကြရန် Mobye Rescue Team မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် မိုးဗြဲမြို့ စစ်ဘေးရှောင်များရှိသည့်နေရာကို စစ်ကောင်စီမှ လက်နက်ကြီးတွေကို ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...