မိုးဗြဲမြို့ စစ်ဘေးရှောင် စခန်းများ ရေခက်ခဲမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အတွင်း စစ်ဘေးရှောင် စခန်းများတွင် ရေများရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောများ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ရှောင်စခန်းမှ စစ်ရှောင်များကို ကျန်းမာရေး စစ်ဆေးပေးစဥ်

ယခု နွေဦးကာလအတွင်းတွင် ရာသီဥတု ပြောင်းလဲမှု နှင့် ရေများရှားပါးမှုကြောင့် ဝမ်းလျှောမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

“ အစတော့ ရာသီဥတုကြောင့်ဖြစ်တာ ထင်နေတာ။ ဒါမှမဟုတ် ကျနော်တို့ စစ်ဘေးရှောင်တွေ သောက်တဲ့ရေက မသန့်လို့လားထင်တယ်။ ရေချိုးလည်း ဒီရေ နဲ့ ချိုးတယ်။ ဒီရေနဲ့ပဲ ချက်စားကြတယ်လေ။ အဲ့ဒါကြောင့်ဖြစ်တာလား မသိဘူး။ သေချာတော့ မပြောတတ်ဘူး။ လူကြီးတွေလည်း ဖြစ်နေတယ်” ဟု မိုးဗြဲမြို့ အနောက်ဘက် ကမ်းကျေးရွာဘက်ရှိ စစ်ဘေးရှောင် ကူညီသူတစ်ဦးက ပြောသည်။

မိုးဗြဲမြို့အနောက်ဘက်ကမ်းရှိ စစ်ဘေးရှောင်စခန်းတွင် တွင်းရေတောင်ကျရေကို အဓိက အသုံးပြုကြပြီး ယခင်က ရေထွက်များပြီး လက်ရှိမှာ ရေထွက်မှု နည်းလာကြောင်း သိရသည်။

ထိုအပြင် စစ်ဘေးရှောင်များသည် ကြုံရာ စားသောက်နေကြရပြီး သန့်စင်ခန်း နည်းပါးပြီး တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းပါးသောကြောင့် ဝမ်းပျက် ဝမ်းလျှောမှုများ ဖြစ်ပွားနေကြောင်း ဖယ်ခုံမြို့ စစ်ဘေးရှာင်များကို ကူညီပေးနေသည့် သူက ပြောသည်။

“ စစ်ရှောင်တွေက ကြုံရာနေ၊ ဖြစ်သလို စားနေကြရတယ်လေ။ ရေရှားတယ်။ ပြီးတော့ သန့်စင်ခန်းကလည်း နည်းတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကလည်း အားနည်းတာကြောင့် ဝမ်းပျက်မှုတွေက ဖြစ်နေကြတာ” ဟု ၎င်းက ပြောသည်။

လက်ရှိ စစ်ဘေးရှောင်စခန်းများထဲတွင် ကလေး ၆ နှစ်မှစ လူကြီးအထိ ဝမ်းလျှောမှု ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

စစ်ရှောင်စခန်းမှ စစ်ရှောင်များကို ကျန်းမာရေး စစ်ဆေးပေးစဥ်

စစ်ဘေးရှောင်များသည် ဝမ်းလျှောရောဂါကို ဆေးဝါးကူညီထောက်ပံ့မှု မရရှိကြောင်း ၊ ကျေးရွာတွင်း ဆေးခန်းငယ်တွေမှာ ကုသနေရကြောင်း၊ ဆေးဝါးတွေကို မြို့တွင်း သွားရောက်ဝယ်ယူသော်လည်း လုံလောက်မှု မရှိကြောင်း မိုးဗြဲမြို့ စစ်ဘေးရှောင်ကို ကူညီပေးနေသူက ပြောသည်။

“ဆေးဝါးတွေကတော့ လာထောက်ပံ့ပေးတာ မရှိပေမယ့်လည်း စစ်ဘေးရှောင် ကမ့်တွေမှာ ဆေးခန်းတွေမှာပြပြီး ကုသတာတော့ ရှိတယ်။ ကျနော်တို့ဘက်က အတတ်နိုင်ဆုံးတော့ ဆရာမတွေက ဆေးပေးတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း မြို့ထဲမှာ ဆေးသွားဝယ်တာရှိတယ်။ လုံလောက်မှုတော့ မရှိဘူး။ တစ်ချို့လူတွေက ဝမ်းလျှောရင် ကိုယ့်မှာရှိတဲ့ တိုင်းရင်းဆေးတွေနဲ့ ကုသနေတာရှိတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ စစ်ဘေးရှောင်တွေသည် ဆေးဝါးခက်ခဲမှု ရှိနေသည့်အတွက်ကြောင့် ကူညီထောက်ပံ့မှုများ လိုအပ်နေသည်။

မိုးဗြဲမြို့အတွင်း စစ်ဘေးရှောင်စခန်းသည် ၃၀ ဝန်းကျင်လောက် ရှိထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဘိန်းစိမ်း ဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်ကြီးခရိုင်အတွင်း ကော်ဖီအစားထိုး စိုက်ပျိုးမှုတွေရှိလာ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့်   ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...