မိုးဗြဲမြို့တွင်းရှိ စစ်ဘေးရှောင်များ ရေကျောက်ဖြစ်ပွားနေ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ တောထဲရှိ စစ်ဘေးရှောင်များ ရေကျောက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ရှောင်စခန်းမှ ပြည်သူများ ကျန်းမာရေး စစ်ဆေးပေးစဥ်

ယခု နွေရာသီကာလတွင် စစ်ဘေးရှောင်စခန်းများတွင် ရေအခက်ခဲရှိနေပြီး ကလေးတစ်ချို့ နှင့် လူကြီးတစ်ချို့သည် ရေကျောက်ရောဂါကို ခံစားနေရကြောင်း သိရသည်။

“ ရေကျောက်ရောဂါတွေ ဖြစ်နေကြတာ။ ရေမသန့်တာနဲ့၊ နေအရမ်းပူတာတွေကြောင့်လည်း ဖြစ်ရင်ဖြစ်မယ် ထင်တယ်။ ကျနော်ကတော့ စစ်ဘေးရှောင်စခန်းမှာ ကလေးတွေနဲ့လည်း နေတယ်။ ပြီးတော့ သူတို့ လိုအပ်တာတွေကို သယ်ယူပို့ဆောင်ပေးတာပေါ့။ အခုတော့ နားထားတယ်။ ရေကျောက်ရောဂါဖြစ်နေတာ။ စစ်ဘေးရှောင်စခန်းထဲမှာ ရေကျောက်ရောဂါဖြစ်နေတာရှိတယ်” ဟု မိုးဗြဲမြို့အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားက ပြောသည်။

လက်ရှိ စစ်ဘေးရှောင်စခန်းများထဲတွင် ကလေးငယ် အများစုက ရေကျောက်ရောဂါကို ခံစားနေရပြီး လူကြီး အနည်းစုသာရှိကြောင်း သိရသည်။

ရေကျောက်ရောဂါသည် ကလေး၊ ကိုယ်ဝန်ဆောင်မိခင် ၊ သက်ကြီးရွယ်အိုတို့ အဖြစ်များတတ်ပြီး၊ အဆိုပါ ရေကျောက်ရောဂါကို ဖြစ်ပွားနိုင်သည့်အကြောင်းရင်းသည် တစ်ခါမှ မပေါက်ဖူးသူများ ၊ ကလေးထိန်း နှင့် မူကြိုကျောင်းတွင် အလုပ်လုပ်သူ နှင့် ကလေးအများ နှင့် နေထိုင်ကြသူများက အဖြစ်များတတ်သည်။

စစ်ရှောင်စခန်းမှ ပြည်သူများ ကျန်းမာရေး စစ်ဆေးပေးစဥ်

မိုးဗြဲမြို့ စစ်ဘေးရှောင်ထဲရှိ ရေကျောက်ရောဂါဖြစ်ပွားသူ များလာပြီး တစ်ချို့က တိုင်းရင်းဆေးဆရာ နှင့် ကုသနေကြပြီး တစ်ချို့တွင် ဆေးခန်းပြ ကုသနေလျက်ရှိကြောင်း သိရသည်။

“ ကျနော် မနေ့က တိုင်းရင်းဆရာနားပဲ သွားကုတာ။ စစ်ဘေးရှောင်တွေ တစ်ချို့လည်း တိုင်းရင်းဆရာနဲ့ ကုတာတွေရှိတယ်။ တစ်ချို့လည်း ဆေးခန်းပြကုသတာလည်း ရှိပါတယ်။ ဘယ်လိုကုကြလဲတော့ ကျနော်လည်း မသိဘူး။ မနေ့က တိုင်းရင်းဆရာကတော့ သူ့နားမှာ အခုတလော ရေကျောက်ဖြစ်သူ လာကုတာ များတယ်တဲ့” ဟု အထက်ပါ စစ်ဘေးရှောင်ကို ကူညီပေးနေသူက ပြောသည်။

အလားတူ လက်ရှိ Mobye Rescue Team ဆေးခန်းတွင်လည်း ယခုနောက်ပိုင်း ရေကျောက်ရောဂါလာရောက် ကုသသူများရှိလာကြောင်း Mobye Rescue Team တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျမတို့နားမှာလည်း ဆေးလာကုတာတော့ရှိပါတယ်။ မိုးဗြဲမှာတော့ ၂ ယောက်လောက်ရှိနေပြီ။ တစ်ချို့ကတော့ တောထဲတွေမှာ သွားကုပေးနေတာတော့ ရှိပါတယ်။ ဘယ်လောက်များနေလဲတော့ ကျမလည်း အတိကျမသိရဘူး” ဟု ၎င်းက ပြောသည်။

ထိုအပြင် ယခု နွေရာသီကာလသည် တောထဲရှိ စစ်ဘေးရှောင်စခန်းများသည် ရေရှားပါးမှု နှင့် ကြုံတွေ့နေရပြီး တကိုယ်ရေသန့်ရှင်းရေးအတွက် အားနည်းနေကြသည်။

ရေရှားပါးသည့် စစ်ဘေးရှောင် စခန်းများသည် ၃ မိုင်အကွာရှိ ရေမြောင်းတစ်ခုတွင် ရေသွားခတ်ရကြောင်း သိရသည်။

“ တစ်ချို့နေရာကတော့ အလှူရှင်ရောက်တယ်။ တစ်ချို့နေရာကတော့ အလှူရှင်တွေ မရောက်ဘူး။ အလှူရှင်တွေ မရောက်တဲ့နေရာမှာတော့ မြောင်းတစ်ခုမှာ သွားပြီးတော့ ခက်ရတယ်။ အဝေးဆုံး သွားရတာဆိုရင်တော့ ၃ မိုင်လောက်တော့ ဝေးတယ်။ ရေသွားခတ်ပြီ သုံးရတာပေါ့” ဟု စစ်ဘေးရှောင်ကို ကူညီပေးနေသည့်သူက ပြောသည်။

မိုးဗြဲမြို့အတွင်းတွင် စစ်ဘေးရှောင် စခန်း (၃၀) ဝန်းကျင်ရှိပြီး၊ စစ်ဘေးရှောင်များသည် စားဝတ်နေရေး နှင့် ရေအခက်ခဲမှုကြောင့် အကူညီလိုအပ်နေကြောင်း စစ်ဘေးရှာင်ကူညီသူများထံမှ သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...