မိုးဗြဲမြို့ စစ်ဘေးရှောင် စခန်းထဲ စစ်ကောင်စီက ဝင်ရောက်စီးနင်း စစ်ရှောင် (၃) ဦး မီးရှို့သတ်ဖြတ်ခံရ

သျှမ်းပြည် တောင်ကြီးမြို့နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အရှေ့ဘက်ကမ်း တောင်ပေါ်တွင် တည်ရှိထားသည့် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဝင်ရောက် စီးနင်းခဲ့ပြီး စစ်ရှောင် (၃) ဦး မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) က ထုတ်ပြန်ထားသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့များသည် မိုးဗြဲမြို့အတွင်းရှိ စစ်ဘေးရှောင် စခန်းတစ်ခုထဲတွင် စစ်ကြောင်းထိုးဝင်လာပြီး စစ်ဘေးရှောင် (၃) ဦး ကို မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“ သူတို့က စစ်ဘေးရှောင်စခန်းထဲကို ဝင်လာတော့ စစ်ဘေးရှောင်တွေက ပြေးကုန်တယ်။ မပြေးနိုင်တဲ့ သူတွေကိုတော့ စစ်ကောင်စီက ပစ်သတ်လိုက်တာ။ တချို့ကိုလည်း အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်လိုက်တယ်” ဟု ဖယ်ခုံမြို့ PDF တပ်ရင်း ၂ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီက အသက် (၇၈) နှစ်ရှိ အမျိုးသားတစ်ဦး နှင့် ၈၀ နှစ်ရှိ အမျိုးသမီးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

ထိုအပြင် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်လာပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် ဖယ်ခုံမြို့ PDF တပ်ရင်း ၂ တို့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင်လည်း သေဆုံးမှုရှိခဲ့ပြီး PDF တပ်ဖွဲ့ဘက်ကလည်း သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

“ ကျနော်ဘက်လည်း ကျဆုံးတာရှိတယ်။ ကျနော်တို့က မဟာမိတ်တွေ အပါ ၃ ယောက်လောက် ကျဆုံးခဲ့တယ်။ ၆ ဦးလောက်ဒဏ်ရာရခဲ့တယ်။ စစ်ကောင်စီဘက်ကတော့ ဒု – တပ်ကြပ်ကြီး အပါဝင် အများသေဆုံးခဲ့တယ်။ စစ်ရှောင်စခန်းထဲမှာ ၄ လောင်းတွေ့ခဲ့တယ်။ စစ်လက်နက် ပစ္စည်းတွေလည်း အများပြား သိမ်းဆည်းမိတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်းတွင် သျှမ်း – ကယား နယ်စပ် ဆောင်းကန်းလမ်းခွဲ ၊ ဆင်ဖြူတောင်ကြော၊ ရွှေပြည်အေး နှင့် ကုန်းသာကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

ထို့အပြင် တိုက်ပွဲသည် ဖယ်ခုံမြို့နယ်အတွင်း ပင်လောင်းမြို့နယ်၊ လွိုင်ကော်မြို့နယ်ထဲတွင် တိုက်ပွဲပြင်းထန် နေလျက်ရှိသည်။

မတ် ၁၁ ရက်တွင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာရှိ သံဃာတော် ၃ပါး အပါအဝင် အရပ်သား ၂၈ ဦး ကိုလည်း စစ်ကောင်စီ သတ်ဖြတ် မီးရှို့ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...