Thursday, January 29, 2026

မိုးဗြဲမြို့ စစ်ဘေးရှောင် စခန်းထဲ စစ်ကောင်စီက ဝင်ရောက်စီးနင်း စစ်ရှောင် (၃) ဦး မီးရှို့သတ်ဖြတ်ခံရ

သျှမ်းပြည် တောင်ကြီးမြို့နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အရှေ့ဘက်ကမ်း တောင်ပေါ်တွင် တည်ရှိထားသည့် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဝင်ရောက် စီးနင်းခဲ့ပြီး စစ်ရှောင် (၃) ဦး မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) က ထုတ်ပြန်ထားသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့များသည် မိုးဗြဲမြို့အတွင်းရှိ စစ်ဘေးရှောင် စခန်းတစ်ခုထဲတွင် စစ်ကြောင်းထိုးဝင်လာပြီး စစ်ဘေးရှောင် (၃) ဦး ကို မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“ သူတို့က စစ်ဘေးရှောင်စခန်းထဲကို ဝင်လာတော့ စစ်ဘေးရှောင်တွေက ပြေးကုန်တယ်။ မပြေးနိုင်တဲ့ သူတွေကိုတော့ စစ်ကောင်စီက ပစ်သတ်လိုက်တာ။ တချို့ကိုလည်း အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်လိုက်တယ်” ဟု ဖယ်ခုံမြို့ PDF တပ်ရင်း ၂ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီက အသက် (၇၈) နှစ်ရှိ အမျိုးသားတစ်ဦး နှင့် ၈၀ နှစ်ရှိ အမျိုးသမီးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

ထိုအပြင် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်လာပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် ဖယ်ခုံမြို့ PDF တပ်ရင်း ၂ တို့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင်လည်း သေဆုံးမှုရှိခဲ့ပြီး PDF တပ်ဖွဲ့ဘက်ကလည်း သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

“ ကျနော်ဘက်လည်း ကျဆုံးတာရှိတယ်။ ကျနော်တို့က မဟာမိတ်တွေ အပါ ၃ ယောက်လောက် ကျဆုံးခဲ့တယ်။ ၆ ဦးလောက်ဒဏ်ရာရခဲ့တယ်။ စစ်ကောင်စီဘက်ကတော့ ဒု – တပ်ကြပ်ကြီး အပါဝင် အများသေဆုံးခဲ့တယ်။ စစ်ရှောင်စခန်းထဲမှာ ၄ လောင်းတွေ့ခဲ့တယ်။ စစ်လက်နက် ပစ္စည်းတွေလည်း အများပြား သိမ်းဆည်းမိတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်းတွင် သျှမ်း – ကယား နယ်စပ် ဆောင်းကန်းလမ်းခွဲ ၊ ဆင်ဖြူတောင်ကြော၊ ရွှေပြည်အေး နှင့် ကုန်းသာကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

ထို့အပြင် တိုက်ပွဲသည် ဖယ်ခုံမြို့နယ်အတွင်း ပင်လောင်းမြို့နယ်၊ လွိုင်ကော်မြို့နယ်ထဲတွင် တိုက်ပွဲပြင်းထန် နေလျက်ရှိသည်။

မတ် ၁၁ ရက်တွင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာရှိ သံဃာတော် ၃ပါး အပါအဝင် အရပ်သား ၂၈ ဦး ကိုလည်း စစ်ကောင်စီ သတ်ဖြတ် မီးရှို့ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...