မိုးဗြဲမြို့ ကျေးရွာဘက် စစ်ကောင်စီ စစ်အင်အားဖြည့်တင်းနေ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ ကျေးရွာများထဲတွင် စစ်ကောင်စီဘက်က စစ်အင်အားများ ဖြည့်တင်းနေသည့်အတွက်ကြောင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားလာနိုင်ကြောင်း စုံစမ်းသိရှိရသည်။

မိုးဗြဲမြို့

အဆိုပါ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့အတွင်း တင့်ကားတစ်စီးပါ ဝင်ရောက်အင်အားဖြည့်တင်းလာသည့် အတွက်ကြောင့် ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော်လမ်းကို သွားလာခြင်း ပြည်သူ့ကာကွယ်ရေးဘက်က ယာယီပိတ်ထားလိုက်ကြောင်း ထုတ်ပြန်ထားသည်။

“စစ်ကောင်စီဘက်က အင်အားဖြည့်တင်းနေတာ။ တင့်ကားတွေနဲ့လည်း ဝင်လာတာရှိတယ်။ စစ်ဖြစ်လာနိုင်ဖို့ ရှိတယ်။ ပြင်ဆင်နေကြတာ။ အခုလည်း ထိတွေ့မှုတွေလည်း ရှိတယ်။ လမ်းတစ်ချို့ကလည်း သွားလာဖို့ ပိတ်ထားရတယ်။ မိုးဗြဲ – ပီကင်း သွားလမ်းတွေကိုလည်း ပိတ်ထားတယ်” ဟု မိုးဗြဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၇) ရက်တွင်လည်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ မိုးဗြဲ – ပီကင်းလမ်းတွင်လည်း ထိတွေ့ တိုက်ခိုက်မှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

အလားတူ မိုးဗြဲ စက်တော်ရာ ကျေးရွာထဲတွင်လည်း စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်နေသည်။

စစ်ကောင်စီ စစ်အင်အားဖြည့်တင်းမှုကြောင့် တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားလာနိုင်သည့်အတွက်ကြောင့် မိုးဗြဲမြို့ အနောက်ဘက်အတွင်းရှိ ကျေးရွာတချို့ မှ ပြည်သူများ ကြိုတင်ထွက်ပြေး တိမ်းရှောင်ကြပါရန် မိုးဗြဲ PDF က ထုတ်ပြန်ကြေညာထားသည်။

“ ကျနော်တို့က တိုက်ပွဲအခြေနေ တင်းမာနေတာရှိတယ်။ တိုက်ပွဲကတော့ ထိတွေ့မှုတွေ ရှိနေတယ်။ သူတို့ဘက်ကလည်း စစ်အင်အားတွေ ပိုပြီးဖြည့်လာနေတယ်။ ပြင်းထန်လာနိုင်ပါတယ်။ မိုးဗြဲမြို့ အနောက်ဘက်ရွာတွေ ကြိုတင်ရှောင်တိမ်းဖို့လည်း ကျနော်တို့ ထုတ်ပြန်ထားပါတယ်” ဟု မိုးဗြဲမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်တွင်လည်း မိုးဗြဲမြို့ စက်တော်ရာ ကျေးရွာထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် အတွက်ကြောင့် အဆိုပါ ကျေးရွာအနီးရှိ ရွာအချို့မှ ပြည်သူများ ညချင်းတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...