Wednesday, January 28, 2026

မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး ၊ ၄ ဦး ဒဏ်ရာရရှိ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာများထဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၊ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း KNDF BO 3 က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီ ၂ ရက် နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ မိုးဗြဲမြို့ အရှေ့ဘက်ကမ်း ကျေးရွာထဲတွင် လက်နက်ကြီး (၅၀) ကျော် ပစ်ခတ်ခဲ့ပြီး အသက် (၅၀) အရွယ်အမျိုးသား တစ်ဦး သေဆုံးသွားပြီး ၊ လူငယ်တစ်ဦး အပါအဝင် အရပ်သား ၄ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ လက်နက်ကြီးသံတွေတော့ကြားတယ်။ တစ်ယောက်သေတယ်။ ၅ ယောက် ဒဏ်ရာရတယ်တဲ့။ ကျနော်တို့လည်း အဲ့လိုမျိုးသတင်းရတယ်။ ပြီးတော့ ကျေးရွာထဲက ပြည်သူနေအိမ်တွေ တစ်ချို့က ပျက်စီး သွားတာတော့ ရှိပါတယ်။ ကျနော်လည်း အခုထိ အသေးစိတ်တော့ မသိရသေးဘူး။ သေတဲ့သူက အမျိုးသားလို့ ပြောတယ်” ဟု မိုးဗြဲမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိ အချိန်ထိ ဖယ်ခုံမြို့နယ် ၊ ပင်လောင်းမြို့နယ်ဘက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည့် အပြင် စစ်ကောင်စီသည် ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ဘက်ရှိ ကျေးရွာထဲတွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ် နေမှုလည်း ရှိနေကြောင်း သိရသည်။

“ တိုက်ပွဲကတော့ ဖြစ်နေပါတယ်။ ကျနော်တို့ မိုးဗြဲဘက်အရှေ့ဘက်တော့ တိုက်ပွဲက ငြိမ်နေတယ်။ ပင်လောင်းဘက် နဲ့ ကရင်နီပြည်ဘက်တော့ တိုက်ပွဲဖြစ်ပွားနေတာရှိတယ်။ စစ်ကောင်စီကတော့ တိုက်လေယာဉ်တွေ သုံးတာရှိတယ်။ ကျနော်တို့ ဖယ်ခုံတွေဘက်ဆိုရင်တော့ လက်နက်ကြီး နဲ့ ပစ်တာပဲရှိတယ်” ဟု အထက်ပါ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပင်လောင်းမြို့နယ် ၊ ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ ဒေသခံ ၁ သောင်း ကျော်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...