မိုးဗြဲမြို့ တိုက်ပွဲကြောင့် ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူများ

ယမန်နေ့ (ဖေဖော်ဝါရီ ၅) ရက်တွင် စစ်ကောင်စီ တပ်ဆွဲနေထိုင်ထားသည့် စက်တော်ရာ ကျေးရွာထဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရွာတွင်းနေထိုင်သည့် ပြည်သူများက ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီဘက်က တပ်ဆွဲနေထိုင်ထားသည့် စက်တော်ရာ ကျေးရွာထဲမှ တပ်ဆုတ်ပေးမည်ဟု ပြောဆိုခဲ့ပြီး တပ်မဆုတ်ပေးသည့်အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း မိုးဗြဲမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ စက်တော်ရာ ကျေးရွာကတော့ သူတို့တပ်ဆွဲထားတာကြာပြီ။ အဲ့ဒါ သူတို့တပ်ဆုတ်ပေးမယ်ပြောပြီး မဆုတ်ပေးလို့ PDF ဘက်ကလည်း ဝင်တိုက်ခိုက်လိုက်တာ။ စက်တော်ရာရွာကတော့ ပြည်သူတွေ ထွက်ပြေးနေတာကြာပြီ။ အဲ့ဘေးနားက ရွာကတော့ ညတွင်းထွက်ပြေးရတာရှိတယ်” ဟု မိုးဗြဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲသည် လက်ရှိ ဖေဖော်ဝါရီ ၆ ရက်ထိ ဖြစ်ပွားနေလျက်ရှိပြီး ပြည်သူများကလည်း ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် ပြည်သူများက ထွက်ပြေးတိမ်းရှောင်ရာတွင်လည်း ဆိုင်ကယ် ၊ ကား လုံလောက်မှု မရှိသည့် အတွက်ကြောင့် ခက်ခဲနေကြောင်း စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောသည်။

“ဘေးရွာက လူတွေ ရှောင်နေရတာလည်းရှိတယ်။ ညလည်းပစ်တယ်။ အခုလည်း ပစ်နေသေးတယ်. အခြေနေကတော့ လုံးဝမကောင်းဘူး။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျနော်တို့နေတဲ့ နေရာက နီးနီးလေး။ မနေ့ညကတည်းက တစ်ချို့တော့ ရှောင်သွားကြပြီ။ ကျနော်တို့က ကားမရှိလို့ မရှောင်ရသေးဘူး။ လူဦးရေကတော့ များတယ်။ ခန့်မှန်းခြေအရလည်း ကျနော် မပြောနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

အလားတူ ကယား (ကရင်နီ) ပြည် ဝါရီကောခူရွာဒေသခံများကလည်း တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် ကြိုတင်ထွက်ပြေးတိမ်းရှောင်နေလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့တွင်လည်း စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူနေအိမ်များ ပျက်စီးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...