မိုးဗြဲမြို့ စစ်ရှောင်ရှိသည့်နေရာကို စစ်ကောင်စီမှ လက်နက်ကြီးပစ် အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား ၂ ဦးဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့တွင် စစ်ကောင်စီက စစ်ဘေးရှောင်ရှိသည့်နေရာကို လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် စစ်ရှောင် အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ အမျိုးသား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်သည့် နေရာ

ယမန်နေ့ ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ကောင်းဆောင်ကျေးရွာအတွင်းရှိ စစ်ဘေးရှောင် အမျိုးသမီး ၁ ဦး သေဆုံးသွားပြီး အမျိုးသား ၂ ဦးတို့က ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ သူတို့ ည အချိန်မှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တာ။ စစ်ဘေးရှောင်တွေ ရှိတဲ့နေရာတွေမှာ လက်နက်ကြီးတွေ ကျခဲ့တာ။ စစ်ဘေးရှောင်ထဲက အသက်ကြီးပိုင်း အမျိုးသမီးကတော့ လက်နက်ကြီးထိပြီး အဲ့မှာ ပွဲချင်းပြီး သေဆုံးသွားတာ။ အမျိုးသား ၂ ယောက်ကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်။ သူတို့ ၂ ယောက်လည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူ ၂ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားပေးကြောင်း ၊ ထိုအပြင် လက်နက်ကြီးကြောင့် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိထားကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်သူများထံ သိရသည်။

စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်သည့် နေရာ

အလားတူ ယမန်နေ့ ဇန်နဝါရီ ၁၆ ရက် ည ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ ဟုတ်တယ်။ ကျနော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ည ၅ နာရီလောက်မှ စပြီးဖြစ်တာ။ ဒီနေ့တော့ ငြိမ်နေပါသေးတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ဘေးရှောင်များကို ရန်ပြုကာ လက်နက်ကြီးပစ်ခတ်မှုသည် စစ်ဘေးရှောင်များကို ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် သူများက ပြောသည်။

စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်သည့် နေရာ

“ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ စစ်ဘေးရှောင်တွေ ပြည်သူတွေအတွက် ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာကော အများကြီး ထိခိုက်စေပါတယ်။ စစ်နယ်ပယ် မဟုတ်တဲ့နေရာ ၊ ပြည်သူတွေရှိတဲ့ နေရာတွေမှာ လက်နက်ကြီး တည့်တည့် ပစ်ခတ်ခဲ့တဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။ ဒီလိုမျိုး စစ်ကောင်စီက ကျူးလွန်နေတာ မနည်းတော့ဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက် တွင်လည်း စစ်ကောင်စီ နှင့် PDF တပ်ဖွဲ့တို့က ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစပြီး ယနေ့ချိန်ထိ ကရင်နီပြည် နှင့် မိုးဗြဲ၊ ဖယ်ခုံတကြောတွင် စစ်ကောင်စီနှင့် PDF တိုက်ပွဲကြား အရပ်သား ၂၀၀ ကျော် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်အင်အားစု (PKPF) က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...