Sunday, May 19, 2024

ဗုံးပေါက်ကွဲမှု

မိုင်းယော်တွင် ဗုံးပေါက်ကွဲမှု စစ်ကောင်စီ တပ်သားအပါအဝင် (၃) ဦးဒဏ်ရာရ

သျှမ်းမြောက် လားရှိုး − မိုင်းယော် − မိုင်းကျက်လမ်းမကြီးပေါ်တွင် ယမန်နေ့ (သြဂုတ် ၄)ရက် နေ့လည်ပိုင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအပါအဝင် (၃)ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ “စကစတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားနှစ်စီး လာနေတဲ့အချိန် ဗုံးကွဲသွားတာပါ၊ ရှေ့ကားတစ်စီး မိုင်းစ ထိမှန်ပြီး နောက်ကားတစ်စီးကတော့ မှောက်သွားတယ်”...

ဖယ်ခုံ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးချိန် ဗုံးပေါက်ကွဲ ရဲနှင့် မီးသတ် (၂)ဦးသေ၊ ဒဏ်ရာရသူများ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ယနေ့ (သြဂုတ် ၃)ရက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အစောင့်ရဲ နှင့် မီးသတ် (၂)ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ထိုပေါက်ကွဲမှုကြောင့် ရဲနှင့် မီးသတ် (၂)ဦး သေဆုံးသွားသည့်အပြင် ဆေးထိုးလာသည့် သူများ...

တောင်ကြီးမြို့ အမှိုက်ပုံအနီး ဗုံးပေါက်ကွဲ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဝါးပြားလမ်းဆုံ အနီးရှိ အမှိုက်ပုံ အနီးတွင် ယမန်နေ့(ဇူလိုင် ၂၆)ရက် ညနေ ၃နာရီဝန်းကျင်တွင် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၃ နာရီ...

တာချီလိတ် ကလပ်တခု ဗုံးပေါက်ကွဲမှုဖြစ်

သျှမ်းရှေ့ တာချီလိတ်မြို့ ရွှေမြေသာယာ ဈေးအနီးရှိကြီးမြတ်သောရွှေမြင်း(King Horse Fly Pub 6888) ကလပ်တွင် ယမန်နေ့ ဇွန်လ(၆) ရက် ည (၈) နာရီခွဲကျော်၌ သေနတ်ပစ် ခတ်မှုများ ဖြစ်ပွားပြီးနောက် ဗုံးနှစ်လုံးပေါက် ကွဲကြောင်း သိရသည်။ အဆိုပါ Club အဆောက်အဦးကို သေနတ်နှင့်...

မိုင်းရယ်စာသင်ကျောင်းအနီး (၂) ရက်ဆက်တိုက် ဗုံးပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းရယ်မြို့တွင်စာသင်ကျောင်းအနီးတွင် (၂)ရက်ဆက်တိုက် ဗုံးပေါက်ကွဲသဖြင့် ကျောင်းလာအပ်သည့် ကျောင်းသား မိဘများ မတွေ့ရကြောင်း စုံစမ်းသိရှိရသည်။ မိုင်းရယ်မြို့ ဟိုယကျေးရွာအုပ်စုရှိ အထက ခွဲ စာသင်ကျောင်းတွင် ယနေ့ မေ (၂၇) ရက် မနက် ၅ နာရီခန့် တွင် ကျောင်းတံခါးအဝင်နားတွင် ဗုံးပေါက်ကွဲ...

အေးသာယာတွင် ဗုံးပေါက်ကွဲမှုဖြစ် အရပ်သားတစ်ဦး ထိခိုက်

သျှမ်းတောင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ တွင် ယနေ့ ( မေ ၂၇)ရက် မနက် ( ၈ ) နာရီခွဲ ဝန်းကျင် ၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ယနေ့ ( မေ ၂၇)ရက်...

နမ့်ဆန်မြို့ ဗုံးပေါက်ကွဲ စစ်ကောင်စီ ရဲတပ်ဖွဲ့(၅)ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စာသင်ကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ မှ ရဲစခန်းမှူးအပါအဝင် (၅) ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မေ (၂၀) ရက် ည ၉ နာရီခန့်တွင် နမ့်စန်မြို့ရှိ အထက (၁) ခွဲ ကျောင်းအနီးရှိ ကပေါ်တွင် ဗုံးထောင်ထားပြီး၊...

တောင်ကြီးမြို့ ဗုံးပေါက်ကွဲ အရပ်ဝတ် ရဲ (၂)ဦး ထိမှန်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ယမန့်နေ့ (မေ ၂၀ ) ရက် တွင် မြို့မဈေးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်ဝတ် ရဲ (၂) ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ တွင် တောင်ကြီးမြို့ တွင် မြို့မဈေးရှေ့ နှင့် အနောက်မြို့ဘက်လမ်း ရှိ ကမ္ဘောဇဘဏ်...

တောင်ကြီး ရိုးမဘဏ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရိုးမဘဏ် အနီးတွင် ယနေ့( မေ ၁၇)ရက် နေ့လည် ၁နာရီကျော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ နေ့လည် (၁)နာရီ ဝန်းကျင်တွင် တောင်ကြီးမြို့ ရတနာသီရိ ရပ်ကွက်ဘက်ရှိ ရိုးမဘဏ် ဘေး ရေမြောင်းတွင်ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူထိခိုက်မှုမရှိကြောင်း တောင်ကြီး...

စစ်ကောင်စီတပ် ဝန်းရံထားသည့် မိုင်းယောင်းမြို့ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွား

သျှမ်းရှေ့ စစ်ကောင်စီ ၏ တပ်စခန်းများ ဝန်းရံထားသည့် မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု ကုက္ကိုလ်ပင်ရွာ တွင် ယနေ့ (မေ ၁၄)ရက် ည ၇နာရီခွဲဝန်းကျင် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အလံအလွန်ကျယ်ပြီး မြေကြီးတုန်ခါသွားကြောင်း၊ လူထိခိုက်မှုမရှိကြောင်းလည်း မျက်မြင်တွေ့ရှိသည့် မိုင်းယောင်းမြို့ ဒေသခံအမျိုးသား...

Latest news