Wednesday, January 28, 2026

မိုင်းယော် ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ရဲစခန်းတွင် ယနေ့ (အောက်တိုဘာ ၂၈) နေ့လည် ၁၂ နာရီဝန်းကျင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“အခုလေးတင်ပေါက်ကွဲသွားတာ။ အသံအကျယ်ကြီးပဲ။ တစ်လုံးပဲ ပေါက်ကွဲတာ။ ရဲစခန်းအထဲကနေ ပေါက်ကွဲတာ။ ထိခိုက်ဒဏ်ရာရရှိတဲ့သူရှိလားတော့မသိဘူး။ ကျနော်တို့လည်း အထဲသွားမကြည့်ရဲဘူး။ ထပ်ပေါက်ကွဲမှာကြောက်ရတယ်” ဟု မိုင်းယော်မြို့ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗုံး‌ပေါက်ကွဲမှု မဖြစ်ပွားခင်တွင် စစ်ကောင်စီ တပ်သား (၁၀၀)ကျော်က မိုင်းယော်မြို့သို့ ဖြတ်ဝင်သွားခဲ့ကြောင်း ၊ ထို့နောက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

ထိုရဲစခန်းသည် လွန်ခဲ့သည့် (၃) နှစ်က စတင်ပြီး နေထိုင်သူများမရှိကြောင်း သို့သော် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအနေဖြင့် လမ်းကြုံလာရောက်နားခိုနေထိုင်လျက်ရှိကြောင်း သိရသည်။

မိုင်းယော်မြို့ ရဲစခန်းထဲတွင် လွန်ခဲ့သည့် ၃ -၄ ရက်က တိုင်းရင်းသားလက်နက်ကိုင်တစ်စုက လာရောက်နေထိုင်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“လွန်ခဲ့တဲ့ (၄)ရက်လောက်ကတော့ တိုင်းရင်းသားလက်နက်ကိုင် တစ်စုက လာနေကြတယ်။ မနေ့ကပဲ ပြန်သွားတာ။ အဲဒီ ရဲစခန်းက လူမနေတာကြာပြီ။ စစ်ကောင်စီတပ်သားတွေ လမ်းကြုံပြီး လာနားနေတာရှိတယ်။ တခါတလေ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း နားနေကြတယ်။” ဟု အမည်မဖော်လိုသည့် မိုင်းယော်ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ အောက်တိုဘာ (၂၇)ရက် မနက် ၁၁ နာရီမှ ည ၆ နာရီအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် မိုင်းယော်မြို့ဘက်သို့ တဖက်သတ် ပစ်ခတ်လာခဲ့ကြောင်းသိရသည်။

မိုင်းယော်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များ၊ သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )၊ ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) တို့ သွားလာလှုပ်ရှားနေသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...