Saturday, May 18, 2024

တောင်ကြီးမြို့ ဗုံးပေါက်ကွဲ အရပ်ဝတ် ရဲ (၂)ဦး ထိမှန်

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ယမန့်နေ့ (မေ ၂၀ ) ရက် တွင် မြို့မဈေးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်ဝတ် ရဲ (၂) ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ တွင် တောင်ကြီးမြို့ တွင် မြို့မဈေးရှေ့ နှင့် အနောက်မြို့ဘက်လမ်း ရှိ ကမ္ဘောဇဘဏ် အနီးတွင်ပေါက်ကွဲမှု (၂)နေရာဖြစ်ပွားခဲ့သည်။

သို့သော် မြို့မဈေးရှေ့ ပေါက်ကွဲမှုတွင် အရပ်ဝတ်ရဲ(၂)ဦး ကို ထိမှန်ခဲ့ပြီး၊ ထိုဒဏ်ရာရရှိသူ (၂)ဦးကို စစ်ကောင်စီတပ်ဖွဲ့ မှ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း၊ ဒဏ်ရာပြင်းထန်မှုရရှိထားကြောင်း တောင်ကြီးမြို့ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အဲချိန်ကျနော်ကိုစစ်ဆေးနေတာ။ မော်တော်ပီကယ်လား၊ စစ်တပ်ကလား အော်သံကြားတယ်။ သွားမကိုင်နဲ့ စနစ်သံဖြုတ်သွားမယ်ဆိုပြီး အဲ့လိုအော်ပြောပြီးပေါက်ကွဲသွားတာ။ သူတို့ကို စစ်ဆေးရုံးမှာခေါ်သွားတယ်လို့သိရတယ်” ဟု တောင်ကြီးမြို့ မျက်မြင်တွေ့ရှိသူက ပြောသည်။

လက်ရှိတွင် ဗုံးစမိသည့် ရဲ ၂ ဦး ကျန်းမားရေးအခြေနေကို မသိရှိရသေးကြောင်း၊ စိုးရိမ်းရကြောင်း သိရသည်။

“ အခြေအနေ က တော့ သေတယ်လို့လည်း ပြောတယ်။ ဒါပေမယ့် ဒဏ်ရာပြင်းတယ်။ အခုထိ သေလား၊ရှင်းလား သေချာမသိရသေးဘူး” ဟု ၎င်း က ပြောသည်။

တောင်ကြီးမြို့တွင် ယခု မေလပိုင်းက စပြီး ညတိုင်းနီးပါး ပေါက်ကွဲမှုဖြစ်ပွားနေပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူများကို လည်း စစ်ကောင်စီ က နေ့စဉ်လိုက်လံ ဖမ်းဆီးမှု ပြုလုပ်နေသည်။

Leave a Comments

- Advertisement -spot_img

Latest article