Wednesday, January 28, 2026

ဖယ်ခုံ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးချိန် ဗုံးပေါက်ကွဲ ရဲနှင့် မီးသတ် (၂)ဦးသေ၊ ဒဏ်ရာရသူများ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ယနေ့ (သြဂုတ် ၃)ရက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အစောင့်ရဲ နှင့် မီးသတ် (၂)ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ထိုပေါက်ကွဲမှုကြောင့် ရဲနှင့် မီးသတ် (၂)ဦး သေဆုံးသွားသည့်အပြင် ဆေးထိုးလာသည့် သူများ ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း ဖယ်ခုံမြို့ မျက်မြင်တွေ့ရှိသူများက ပြောပြသည်။

“ဗုံးပေါက်ကွဲမှုမှာ အစောင့်ရဲတပ်သားနှစ်ဦးတော့အထိနာတယ်၊ သေတဲ့သူလည်း ရှိတယ်လို့ ကြားပါတယ်၊ အခင်းဖြစ်တဲ့နေရာကို စစ်ကောင်စီတပ်သားတွေက ချက်ချင်းရောက်လာကြပါတယ်၊ ထိခိုက်ဒဏ်ရာရသူ နဲ သေဆုံးသူ အရေအတွက်ကိုတော့ မသိရသေးဘူး” ဟု ဖယ်ခုံမြို့နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနသည်နှင့် တစ်ပြိုင်နက် စစ်ကောင်စီတပ်သားများက အင်အားအများအပြားနှင့် လာရောက်စစ်ဆေးပြီး၊ ထိုဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိသည့် အပြင် သေဆုံးသူများရှိသည့် သတင်းများကြားရကြောင်းလည်း ၎င်းကပြောသည်။

အဆိုပါ သျှမ်းပြည်နှင့် ကယားနယ်စပ် ဖယ်ခုံမြို့ကဲ့သို့သော နယ်စပ်မြို့များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့် အာဏာသိမ်းစစ်ကောင်စီကို မကြာခဏ ထပ်တိုက်တွေ့ဆုံသည့် တိုက်ပွဲဖြစ်ပွားလေ့ရှိသည့်နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် ဖယ်ခုံမြို့နယ်ထဲ နေ့စဉ်ဆက်တိုက် လက်နက်ကြီးရမ်းသမ်းပစ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူစစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာကိုစစ်ကော်မရှင်နှင့်ပအိုဝ်း ပြည်သူ့စစ် (PNO) တို့ စပြီး ထိုးစစ်ဆင် ဝင်ရောက်ခဲ့သည်။ ထို့နောက် စစ်ကော်မရှင်နှင့် PNO တို့သည့်...

ဖယ်ခုံမြို့နယ် စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲထပ်မံဖြစ်

0
သျှမ်းပြည်ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တို့ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညပိုင်းတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် (အောက်တိုဘာ ၁၁ ရက်)တွင်လည်း စစ်ကော်မရှင်တပ်၊PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ခေါင်းအီကျေးရွာအုပ်စု၊ ဘောရန်ကျေးရွာအတွင်းသို့...

စစ်ကော်မရှင်က ရွေးကောက်ပွဲမတိုင်ခင် ဖယ်ခုံမြို့နယ် ဒေသခံများနေရပ်ပြန်ခိုင်း

0
ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့သည့် ဒေသခံများကို စစ်ကော်မရှင် က ရွေးကောက်ပွဲ မတိုင်ခင် နေရပ်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီမှ ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တကြောကို ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် ပင်လောင်းမြို့နယ် ၊ ညောင်ရွှေမြို့နယ် နှင့် ဆီဆိုင်မြို့နယ် အတွင်း...

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲကြား ကျေးရွာ ၁၃ ရွာမှ ပြည်သူ (၈၀၀၀) ကျော် ထွက်ပြေးနေရ

0
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေမှုကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံ ထောင်နှင့်ချီသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇွန်လ ၂ ရက်) မှစ၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံအရှေ့ခြမ်း ကျေးရွာများအထိ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တော်လှန်ရေးတပ်ပေါင်းစုများနှင့်...