ဖယ်ခုံမြို့နယ် တိုက်ပွဲကြား ကျေးရွာ ၁၃ ရွာမှ ပြည်သူ (၈၀၀၀) ကျော် ထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေမှုကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံ ထောင်နှင့်ချီသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် (ဇွန်လ ၂ ရက်) မှစ၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံအရှေ့ခြမ်း ကျေးရွာများအထိ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တော်လှန်ရေးတပ်ပေါင်းစုများနှင့် ယမန်နေ့ (ဇွန်လ ၉ ရက်)အထိ တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။

အဆိုပါ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံ ၈ ထောင်ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း Phekhon Shan Youth Network တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်‌ဘေးရှောင်တွေက ပြေးစရာမြေကို မရှိတော့ဘူး။ စစ်ပွဲတွေကလည်း ပတ်ပတ်လည် ဖြစ်နေတာ၊ တချို့တွေကလည်း တောထဲကို ပြေးကြတယ်။ ဒီချိန်မှာ ဘယ်ရွာမှ ဘေးမကင်းတော့ဘူး။ အမျိုးသမီး၊ သက်ကြီးပိုင်းနဲ့ ကလေးတွေတော့ ထွက်ပြေးရတာ။ တချို့ အမျိုးသားတွေက ရွာစောင့်ကျန်ခဲ့တာရှိတယ်” ၎င်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်များသည် ဖယ်ခုံမြို့နယ် ဖယ်ခုံအ‌ရှေ့ခြမ်း တောင်ပို့ကွဲကျေးရွာ ၊ ရေပူကျေးရွာ ၊ ဘုရားတောင်ကျေးရွာ ၊ စန့်စွဲကျေးရွာ ၊ စန့်လိတ်ကျေးရွာ ၊ လွယ်ပေါကျေးရွာ ၊ ဆောင်နန်းခဲကျေးရွာ ၊ နမ့်ပေါ်လုံကျေးရွာ ၊ မခေခမ်းကျေးရွာ ၊ လဟယ်ကျေးရွာ ၊ ညောင်မွန်းကျေးရွာ ၊ တောင်ပို့ကြီးကျေးရွာ ၊ ကုန်းပေါကျေးရွာ စသည့် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်းသိရသည်။

တိုက်ပွဲကြောင့် ရုတ်တရက် ထွက်ပြေးရသဖြင့် စစ်ဘေးရှောင်များသည် လမ်းတကြော အခက်အခဲများ ကြုံတွေ့ရသည့်အပြင် အဝတ်အစားနှင့် စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ကျနော်တို့လည်း ပြေးနေတာ တစ်ရွာလုံးပြေးနေတာ။ အခုက လမ်းတွေ အကုန်ပိတ်နေတာ ဘယ်မှကို ပြေးလို့မရသလောက်ပဲ။ တချို့တွေကလည်း တောလမ်းကနေ ပြေးနေကြတာ။ တောလမ်းဆို လမ်းတွေလည်းခက်တယ်။ ရေရှည်အတွက်ဆို စိုးရိမ်ရတယ် ခက်လည်းခက်ခဲမှာ၊ အကူအညီတွေလည်း အကုန်လိုအပ်နေပါတယ်”ဟု ၎င်းစစ်ဘေးရှောင် အမျိုးသားက ပြောသည်။

ထိုစစ်ဘေးရှောင်များသည် ဆီဆိုင်မြို့နယ် အနီးတဝိုက် ၊ ဖယ်ခုံမြို့နယ်အနောက်ခြမ်းနှင့် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်များတွင် နေထိုင်သူများသည် နေရာထိုင်ခင်း အခက်အခဲများကြောင့် အကူအညီလိုအပ်နေကြောင်း သိရသည်။

သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ပြည်သူလူထုအနေဖြင့် မိုးဗြဲမြို့တွင်းနှင့် လမ်းမကြီးကို အသုံးပြုသွားလာခြင်း မပြုလုပ်ရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် Mobye PDF ကလည်း ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...