Saturday, May 4, 2024

တာချီလိတ် ကလပ်တခု ဗုံးပေါက်ကွဲမှုဖြစ်

Must read

သျှမ်းရှေ့ တာချီလိတ်မြို့ ရွှေမြေသာယာ ဈေးအနီးရှိကြီးမြတ်သောရွှေမြင်း(King Horse Fly Pub 6888) ကလပ်တွင် ယမန်နေ့ ဇွန်လ(၆) ရက် ည (၈) နာရီခွဲကျော်၌ သေနတ်ပစ် ခတ်မှုများ ဖြစ်ပွားပြီးနောက် ဗုံးနှစ်လုံးပေါက် ကွဲကြောင်း သိရသည်။

အဆိုပါ Club အဆောက်အဦးကို သေနတ်နှင့် လာရောက်ပစ်ခတ်သွားပြီး၊ ဗုံးဖြင့် ထပ်မံပစ်ပြီါ် ပေါက်ကွဲမှုဖြစ်ပွါးသွားကြောင်း အနီးရောက်နေသူ တစ်ဦးထံက သိရသည်။

“ဗုံးပေါက်ကွဲမှု မဖြစ်ခင်က သေနတ်နဲ့ ပစ်ခတ် သံတွေကြားရသေးတယ်၊ သေနတ်သံကတော့ ၂ ချက် ၃ ချက်လောက်ကြားရတယ်၊ ဗုံးကတော့ ကလပ်အဝင်ပေါက်မှာ နှစ်လုံးပေါက်ပါတယ်” ဟု အဆိုပါ ကလပ်အနီး ရောက်ရှိနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန် ထားသော်လည်း ကြီးမြတ်သောရွှေမြင်း (King Horse Fly Pub 6888)ကလပ်သည် ဒေသအုပ် ချုပ်ရေးများ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ကြောင်း သိရသည်။

ဤကဲ့သို့ ဗုံးပေါက်ကွဲမှုဖြစ်ပွားသော်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာကို ယခင်လို စစ်တပ် နှင့်ရဲတို့မှ လာရောက်စစ်ဆေးခြင်းမရှိကြောင်း ကလပ်အား ညလုံးပေါက် ပုံမှန်အတိုင်း ဆက်လက် ဖွင့်လှစ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ(၂၅)ရက်နေ့ ည(၉)နာရီ မထိုးမီအချိန်ကလည်း အဆိုပါ ကြီးမြတ်သောရွှေမြင်း(King Horse Fly Pub 6888)ကလပ်၏ ဧရိယာအတွင်းတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article