Wednesday, January 28, 2026

အေးသာယာတွင် ဗုံးပေါက်ကွဲမှုဖြစ် အရပ်သားတစ်ဦး ထိခိုက်

သျှမ်းတောင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ တွင် ယနေ့ ( မေ ၂၇)ရက် မနက် ( ၈ ) နာရီခွဲ ဝန်းကျင် ၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ယနေ့ ( မေ ၂၇)ရက် မနက်ပိုင်းတွင် အေးသာယာမြို့ ရှိ သာသနာ့ဗိမာန် ( မြို့လယ် ဓမ္မာရုံ) အနီးတွင် ဖြစ်ပွားခဲ့ပြီး၊ စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသားတစ်ဦး ဗုံးစ ထိမှန်သွားကြောင်း အေးသာယာ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

” မြို့လယ် ဓမ္မာရုံထောင့် က ကွမ်းယာဆိုင်နားမှာ ပေါက်ကွဲမှုက ဖြစ်တာဗျ၊ အဲ့အနားမှာ ရှိနေတဲ့ စိတ်ကျန်းမာရေး မကောင်းတဲ့ တစ်ယောက်ကို ဗုံးစ၊ ခဲစ တွေထိပြီး လေးချက်ချုပ် လိုက်ရတယ်။အခုချိန်ထိအဲ့ ဓမ္မာရုံနား ရဲတွေ စစ်သားတွေ ရှိနေတယ်” လို့ ၎င်း ဒေသခံတစ်ဦးကပြောပါသည်။

ပေါက်ကွဲမှုကြောင့် အေးသာယာမြို့၊ သာသနာ့ဗိမာန် (မြို့လယ် ဓမ္မာရုံ) ရှေ့တွင် စစ်ကောင်စီ၏ ရဲနှင့် စစ်သားများက
စောင့်ကြပ်နေကြကြောင်းသိရသည်။

အေးသာယာဓမ္မာရုံရှေ့လိုင်းကားစောင့်သည့် နေရာ ဓာတ်တိုင်နားတွင် ဗုံးထည့်ထားသည် ဟု ယူဆရသော အိတ်အမဲ တစ်လုံး ထပ် တွေ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ သတိဖြင့်သွားလာနေရ

0
သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့တွင် One Love ဟိုတယ် ၌ ဗုံးပေါက်ကွဲ မှုဖြစ်ပြီးနောက်ပိုင်း ပြည်သူများ သတိဖြင့် သွားလာနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေ ၂၆ ရက် ညပိုင်းတွင် ကျောက်မဲမြို့ရှိ One Love ဟိုတယ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးများက မာရှယ်လော(ညမထွက်ရ) အမိန့်ကိုပြန်လည်...

လားရှိုးမြို့ ၁၀ ရက်အတွင်း ၃ ကြိမ် ဗုံးပေါက်ကွဲမှုဖြစ်

0
သျှမ်းပြည် လားရှိုးမြို့တွင် ၁၀ ရက် အတွင်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိ နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် လားရှိုးမြို့တွင် ညဈေး၊စန်းရွှင်ဟိုတယ်အနီး ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်) ညနေ ၄ နာရီခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၈ ဦးထိခိုက်ခဲ့ပြီး...

အေးသာယာရှိ စစ်ကောင်စီ ဂိတ်တွင် စစ်ဆေးမှုပိုမိုတင်းကြပ်လာပြီး အမျိုးသားများကို အဓိကထား စစ်ဆေး

0
သျှမ်းပြည် တောင်ကြီးခရိုင် အေးသာယာရှိ စစ်ကောင်စီဂိတ်တွင် စစ်ဆေးမှုပိုမိုတင်းကျပ်လာကာ အမျိုးသားများကို အဓိကထားပြီး စစ်ဆေးမှုများရှိနေကြောင်းခရီးသည်များ ပြောပြချက်အရသိရပါသည်။ သျှမ်းပြည်တောင်ပိုင်း၊ အေးသာယာရှိ စစ်ကောင်စီဂိတ်တွင် ယခင်ကထက် ကားများကို စစ်ဆေးမှုပြုလုပ်နေပြီး လိုက်ပါစီးနှင်လာသည့် ခရီးသည်အများစုထဲမှ အမျိုးသားများကို ကားပေါ်မှ ဆင်းခိုင်းကာ နေရပ်ဒေသများကိုမေးမြန်းပြီး ကရင်နီပြည်ဖက်မှလာသည့် ခရီးသည်အမျိုးသားများ ရွာငံဖက်ကလာသည့် ခရီးသည်အမျိုးသားများကို...

လားရှိုးမြို့ မကြာခဏ ဗုံးပေါက်ကွဲ လူထုစိုးရိမ်နေ

0
သျှမ်းပြည် လားရှိုးမြို့တွင် မကြာခဏ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုများလာရာ လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ ယမန်နေ့ (အောက်တိုဘာလ ၁၆) ရက် ည ၈ နာရီဝန်းကျင်တွင် လားရှိုးမြို့ ပန်းခြံအနီးရှိ (ကားရေဆေးဆိုင်) တစ်ခုနှင့် မျက်နှာချင်းဆိုင် လမ်း၌ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု...

လားရှိုးမြို့ မကြာခဏ ပေါက်ကွဲမှုဖြစ် ဈေးဆိုင် ဆိုင်းဘုတ် အချို့ဖြုတ်သိမ်းထားရ

0
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားသောကြောင့် ဈေးဆိုင်၊ စတိုင်းဆိုင်များရှိ ဆိုင်းဘုတ်အချို့ ဖြုတ်သိမ်းထားရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် လားရှိုးမြို့ရှိ DENKO ပန့်ဆီဆိုင် ဗုံးပေါက်ကွဲ မီးလောင်မှုကြောင့် လားရှိုးမြို့တွင်းရှိ စတိုင်းဆိုင်၊ ကုန်စုံဆိုင်...