လားရှိုးမြို့ မကြာခဏ ပေါက်ကွဲမှုဖြစ် ဈေးဆိုင် ဆိုင်းဘုတ် အချို့ဖြုတ်သိမ်းထားရ

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားသောကြောင့် ဈေးဆိုင်၊ စတိုင်းဆိုင်များရှိ ဆိုင်းဘုတ်အချို့ ဖြုတ်သိမ်းထားရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် လားရှိုးမြို့ရှိ DENKO ပန့်ဆီဆိုင် ဗုံးပေါက်ကွဲ မီးလောင်မှုကြောင့် လားရှိုးမြို့တွင်းရှိ စတိုင်းဆိုင်၊ ကုန်စုံဆိုင် နှင့် ဆေးဆိုင်အချို့ရှိ ဆိုင်းဘုတ်များကို ဖြုတ်ထားကြောင်း လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပေါက်ကွဲမှုကို လုပ်တဲ့ အဖွဲ့အစည်းက စီးပွားရေး လုပ်ငန်းရှင်တွေ၊ ရောင်းဝယ်ရေး လုပ်တဲ့ သူတွေကို ဦးတည်လုပ်နေတာတွေ့တော့ တချို့ကလည်း ကြောက်တာပေ့ါ၊ အဲ့ကြောင့် ဆိုင် ဆိုင်းဘုတ်ကို ဖြုတ်ချထားလိုက်တယ်၊ ဆိုင်ကို အလွယ်တကူ ရှာလို့မရအောင်၊ ရန်ရှာမှု မခံရအောင် ကာကွယ်တဲ့ အနေနဲ့ပေါ့” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

DENKO ပန့်ဆီဆိုင်မှ ဗုံးပေါက်ကွဲမှုတွင် အမျိုးသား (၂) ဦး သေဆုံးရပြီး ကျား (၈) ဦး၊ မ (၄) ဦး စုစုပေါင်း (၁၂) ဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။

ထို့အပြင် ပန့်ဆီဆိုင်မှ ဗုံးပေါက်ကွဲမှု အပြီး၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များမှ မြို့ဝင် မြို့ထွက် နှင့် မြို့တွင်း လမ်းကြိုလမ်းကြားများ၌ စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်လာကြောင်းလည်း သိရသည်။

“ပေါက်ကွဲမှု တစ်ခေါက်ဖြစ်ပြီးတိုင်း လုံခြုံရေး အင်အားတိုးပြီး စစ်ဆေးမှု တင်းကြပ်တာတော့ ပုံမှန်လို ဖြစ်နေပါပြီ၊ အဲ့လိုကျရင် ပြည်သူရဲ့ သွားရေး လာရေးကိုပဲ ထိခိုက်မှာ၊ လုပ်တဲ့သူက ပြေးနေပြီလေ။ တကယ်လိုအပ်တဲ့ ခိုးယူလုယက်သူတွေရဲ့ ရန်ကိုကျ ပြည်သူတွေကို အကာအကွယ်မပေးကြဘူး” ဟု အသက် (၄၀) ဝန်းကျင် အမည်မဖော်လိုသူ ဒေသခံ အမျိုးသား ကပြောသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင်း၌ ပေါက်ကွဲမှု၊ ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အရပ်သားများ ထိခိုက်သေဆုံးရသည်အထိ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင် လားရှိုးမြို့မဈေးထဲရှိ ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ၊ အလားတူ စက်တင်ဘာလ ၁၉ ရက်၌ လားရှိုးမြို့ အမှတ် (၂) ရပ်ကွက်ရှိ CS Hotel ၌ ဗုံးပေါက်ကွဲရာ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရခဲ့ပြီး စက်တင်ဘာ ၂၇ ရက်နေ့ DENKO ပန့်ဆီဆိုင်၌ ၂ ဦးသေ ၁၂ ဦး ဒဏ်ရာရ စသဖြင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

“ပေါက်ကွဲမှု ဖြစ်သွားတဲ့ နေရာက CCTV မှတ်တမ်းတွေကို ပြန်ကြည့်လိုက်ရင် ပေါက်ကွဲမှု ပုံစံက အမျိုးသား တစ်ဦးက ဆိုင်ကယ်စီးပြီး လာထိုးရပ်တယ်၊ အဲ့ကနေ ပေါက်ကွဲမှု စဖြစ်တယ်၊ အဲ့လို ပုံစံတွေ အတူတူပဲ။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတော့ မသိဘူး။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပုပ်ချချင်လို့ နာမည်တွေကို အလွဲသုံးစားလုပ်တာလည်း ဖြစ်နိုင်လို့လေ” ဟု လားရှိုးမြို့မှ တက်ကြွ လှုပ်ရှားသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၂ ) ရက်တွင်လည်း လားရှိုး ယာဉ်ထိန်းရဲတစ်ဉီး ပစ်သတ်ခံခဲ့ရသည်။

လားရှိုးမြို့သည် စစ်ကောင်စီတပ်ဖွဲ့ရှိသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များ မြို့ပေါ်အထိ ဆက်ကြေး ကောက်ယူမှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများ နှင့် စစ်ကောင်စီ လက်အောက်ခံ စခန်းများ ပစ်ခတ် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...