Monday, May 6, 2024

အေးသာယာမြို့

အေးသာယာရှိ စစ်ကောင်စီ ဂိတ်တွင် စစ်ဆေးမှုပိုမိုတင်းကြပ်လာပြီး အမျိုးသားများကို အဓိကထား စစ်ဆေး

သျှမ်းပြည် တောင်ကြီးခရိုင် အေးသာယာရှိ စစ်ကောင်စီဂိတ်တွင် စစ်ဆေးမှုပိုမိုတင်းကျပ်လာကာ အမျိုးသားများကို အဓိကထားပြီး စစ်ဆေးမှုများရှိနေကြောင်းခရီးသည်များ ပြောပြချက်အရသိရပါသည်။ သျှမ်းပြည်တောင်ပိုင်း၊ အေးသာယာရှိ စစ်ကောင်စီဂိတ်တွင် ယခင်ကထက် ကားများကို စစ်ဆေးမှုပြုလုပ်နေပြီး လိုက်ပါစီးနှင်လာသည့် ခရီးသည်အများစုထဲမှ အမျိုးသားများကို ကားပေါ်မှ ဆင်းခိုင်းကာ နေရပ်ဒေသများကိုမေးမြန်းပြီး ကရင်နီပြည်ဖက်မှလာသည့် ခရီးသည်အမျိုးသားများ ရွာငံဖက်ကလာသည့် ခရီးသည်အမျိုးသားများကို...

အေးသာယာ ဆရာမ ၂ ဦး နှင့် ရွှေညောင် ဆရာမ ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမှ ဆရာမ ၂ ဦး နှင့် ရွှေညောင်မှ ဆရာမ ၁ ဦးကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၄) ရက် ည ၈ နာရီဝန်းကျင်တွင် Kaung For You နှင့်...

အေးသာယာမြို့ နောင်အင် ဘောလုံးကွင်း စစ်ရဟတ်ယာဥ် ၂ စီးရောက်ရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ နောင်အင်ဘောလုံးကွင်းအတွင်းသို့ စစ်ကောင်စီ ရဟတ်ယာဥ်နှစ်စီးရောက်ရှိလာကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်မှ စတင်ကာ စစ်ကောင်စီ ရဟတ်ယာဥ်နှစ်စီးသည် အေးသာယာမြို့ နောင်အင်ဘောလုံးကွင်းအတွင်းသို့ ရှေ့ဆင့်နောက်ဆင့် ဆင်းလာကြောင်း ဒေသခံအမျိုးသား တစ်ဦးက...

အေးသာယာ NLD ပါတီဝင် အသက် (၆၀)အမျိုးသမီး ကို စစ်ကောင်စီမှ ဖမ်းဆီး

သျှမ်းတောင် အေးသာယာမြို့ မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD )ပါတီဝင် တစ်ဦးဖြစ်သည့် အသက် ၆၀ ရှိ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ည ၁၀ နာရီဝန်းကျင်တွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက် (၁၀) မှာ နေထိုင်သူ...

အေးသာယာတွင် ဗုံးပေါက်ကွဲမှုဖြစ် အရပ်သားတစ်ဦး ထိခိုက်

သျှမ်းတောင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ တွင် ယနေ့ ( မေ ၂၇)ရက် မနက် ( ၈ ) နာရီခွဲ ဝန်းကျင် ၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ယနေ့ ( မေ ၂၇)ရက်...

အေးသာယာမြို့ လူငယ်တဦး ကို စစ်ကောင်စီ က ဖမ်းသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် ဒလန်ကြောင့် မိဘကို ပြုစုနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးခံရသူ အောင်ပြည့်ဖြိုးက မေလ ၁၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်းတွင် စစ်ကောင်စီ အင်းအားအလုံးရင်းဖြင့် လာရောက်ဖမ်းဆီးကြောင်း၊ ပိုက်ဆံများကိုပါ စစ်ကောင်စီက ယူဆောင်သွားကြောင်းသိရသည်။ “ ဒီကလေးက...

Latest news