Tuesday, January 27, 2026

အေးသာယာမြို့ လူငယ်တဦး ကို စစ်ကောင်စီ က ဖမ်းသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် ဒလန်ကြောင့် မိဘကို ပြုစုနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူ အောင်ပြည့်ဖြိုးက မေလ ၁၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်းတွင် စစ်ကောင်စီ အင်းအားအလုံးရင်းဖြင့် လာရောက်ဖမ်းဆီးကြောင်း၊ ပိုက်ဆံများကိုပါ စစ်ကောင်စီက ယူဆောင်သွားကြောင်းသိရသည်။

“ ဒီကလေးက ဘာလှုပ်ရှားမှုထဲလည်း မပါဘူး။ မိဘကိုလုပ်ကျွေးနေတာ။ ဒလန်တွေလုပ်ကြံမှုနဲ့ ဖမ်းခံရတာ။ သူ့အဖေအတွက် အိမ်ဆောက်ပေးဖို့ စုထားတဲ့ ငွေသား (၁၀) သိန်းနဲ့ ဖုန်းကိုပါ ယူသွားတယ်” ဟု အေးသာယာမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောပြသည်။

အောင်ပြည့်ဖြိုးသည် အသက်ကြီးသော အဖေတစ်ဦး နှင့် စိတ်ကျန်းမာရေး မကောင်း အကိုတစ်ဦးရှိကြောင်း၊ လာရောက် ဖမ်းဆီးချိန်တွင် ၎င်း၏ အဖေကိုပါ ကျိန်းသွားသေကြောင်း သိရသည်။

“ လာဖမ်းတုန်းက အောင်ပြည့်ဖြိုးရှိလားမေးတော့ အဖေက မရှိဘူးလို့ပြောတယ်။ အဲ့ဒါကို အိပ်ယာထဲထိဝင်ဖမ်းတာ။ ပြီးတော့ သူအဖေကို “ အဖိုးကြီး အသက်ကြီးနေပြီး။ ပုတီးကိုင်ရမဲ့အရွယ် လိမ်နေရမဲ့အရွယ်မဟုတ်ဘူး။ ခေါင်းပွင့်သွားမယ် ဘာမှတ်နေလဲ” ဆိုပြီး ကျိန်းသွားသေးတယ်” ဟု မိသားစုဝင်နှင့် အဆက်အသွယ်ရသူ ပြောပြချက်အရသိရသည်။

၎င်း ၏ အဖေကို မေ (၁၇) ရက်တွင် အေးသာယာ ရဲစခန်းမှ လာရောက်ခေါ်ဆောင်ပြီး စစ်ဆေးမှုပြုလုပ်ခဲ့ရာ ပြန်လွှတ်ပေးခဲ့ကြောင်း၊ သို့သော် အောက်ပြည့်ဖြိုးကို အေးသာယာ ရဲစခန်းတွင် ထပ်မံ ချုပ်နှောင်ထားဆဲ ဟု သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် နာမည်ကြီးပုဂ္ဂိုလ်များ၊ စစ်အာဏာရှင်ဆန့်ကျင်သူများကို လိုက်လံ ဖမ်းဆီးနေပြီး ရာဇသတ်ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူ လျက်ရှိကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူ (၈၁၀) ဦးကိုသတ်ဖြတ်ထားပြီး (၅၃၀၈) ဦးကိုဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်သားများကူညီစောင့်ရှောက်ရေး AAPP က ယမန့်နေ့ (မေ ၂၀ ) ရက် တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...