Friday, April 26, 2024

အေးသာယာ ဆရာမ ၂ ဦး နှင့် ရွှေညောင် ဆရာမ ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမှ ဆရာမ ၂ ဦး နှင့် ရွှေညောင်မှ ဆရာမ ၁ ဦးကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

အေးသာယာ၊ ရွှေညောင်

ယမန်နေ့ (ဇူလိုင် ၁၄) ရက် ည ၈ နာရီဝန်းကျင်တွင် Kaung For You နှင့် ပတ်သက်သည်ဟု ယူဆထားသည့် တောင်ကြီးမြို့နယ် အေးသာယာ နှင့် ရွှေညောင်မှ ဆရာမ (၃) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဖမ်းသွားတာက (၃) ယောက်ဖမ်းသွားတယ်။ နာမည်ကတော့ တစ်ယောက်ပဲသိရသေးတယ်။ ဒေါ်မိုးမိုးထွေးက အေးသာယာမှာနေတာ။ ကျန်တဲ့ (၂) ယောက်ကတော့ မသိရသေးဘူး။ သူတို့ကို Kaung For You နဲ့ ပတ်သက်တယ်လို့ ယူဆပြီးတော့ ဖမ်းသွားတာထင်တယ်” ဟု အေးသာယာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် ဆရာမ (၃) ဦးသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် CDM တွင် ပါဝင်ထားသည့် ဆရာမများဖြစ်ကြောင်းသိရသည်။

“အဲ့ဆရာမတွေအားလုံးက CDM လုပ်ထားတယ်။ ဘာကြောင့်ဖမ်းလဲတော့ ကျနော်တို့လည်း အသေချာမသိသေးဘူး။ ကြားနေတာကတော့ Kaung For You နဲ့ ပတ်သက်လို့ဖမ်းတယ်လို့ကြားတယ်” ဟု ဒေသခံ အမျိုးသားက ပြောသည်။

အဆိုပါကျောင်းတွင် စာသင်ပေးနေသည့် ကျောင်းဆရာ၊မ များမှ မကွေးတိုင်းတွင် (၅) ဦး၊ မန္တလေးတိုင်း မြစ်သားမှ (၄) ဦး နှင့် သျှမ်းပြည်တောင်ပိုင်း ကလောတွင် (၁) ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်းသိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်အောက်ခံ ကျောင်းမတက်ချင်သော ကျောင်းသား၊သူများကို (Kaung For You) မှ ပညာရေးအွန်လိုင်းကျောင်းများကို ဖွင့် လှစ်ပေးကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article