Wednesday, January 28, 2026

အေးသာယာ NLD ပါတီဝင် အသက် (၆၀)အမျိုးသမီး ကို စစ်ကောင်စီမှ ဖမ်းဆီး

သျှမ်းတောင် အေးသာယာမြို့ မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD )ပါတီဝင် တစ်ဦးဖြစ်သည့် အသက် ၆၀ ရှိ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ည ၁၀ နာရီဝန်းကျင်တွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက် (၁၀) မှာ နေထိုင်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ရပ်ကျေးဥက္ကဌ ဒေါ်သန်းသန်းအေးကို စစ်ကောင်စီ တပ်သား ၂၀ ခန့်က ကားဖြင့် လာရောက်ဖမ်းဆီး သွားကြောင်းသိရပါသည်။

“စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံရေး လှုပ်ရှားမှု ဘာမှမရှိတော့ဘူး၊ ပြီးတော့ ဒီအသက်အရွယ်နဲ့ကျန်းမာရေး မကောင်းတဲ့ အမျိုးသမီးကို သူတို့ ဖမ်းစရာအကြောင်းမရှိဘူး၊ သူ့ကို ဘာကြောင့်ဖမ်းသွားမှန်း မသိရဘူး” ဟု အေးသာယာမြို့ NLD မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် NLD ရပ်ကျေးဥက္ကဋ္ဌဒေါ်သန်းသန်းအေးသည် အသက် ၆၀ ဝန်းကျင် ရှိနေပြီးကျန်းမာရေးလည်း မကောင်းသောကြောင့် အများသူငှာကဲ့သို့ ထွက်ပြေးတိမ်းရှောင်ခြင်းများ မပြုနိုင်သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်သန်းသန်းအေးကို စစ်ကောင်စီတို့က ဘယ်နေရာမှာ ဖမ်းဆီးသွားကြောင်း မသိရသေးကြောင်း သိရသည်။

ဒေါ်သန်းသန်းအေး ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပက်သက်ပြီး အေးသာယာမြို့ NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက”လူမှုရေးကိစ္စတွေကို NLD ပါတီဝင် အနေနဲ့ တက်တက်ကြွကြွဆောင် ရွက်တတ်တဲ့ အသက်အရွယ်ရပြီးကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းတာ စိတ်မကောင်းဖြစ်ရပါတယ်” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့နှင် အေးသာယာမြို့ရှိ NLD ပါတီဝင်များကို စစ်ကောင်စီတို့မှမကြာခဏ လာရောက်ရှာဖွေခြင်း ဖမ်းဆီးခြင်း တို့ရှိနေကြောင်းလည်း အေးသာယာမြို့ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...

အေးသာယာရှိ စစ်ကောင်စီ ဂိတ်တွင် စစ်ဆေးမှုပိုမိုတင်းကြပ်လာပြီး အမျိုးသားများကို အဓိကထား စစ်ဆေး

0
သျှမ်းပြည် တောင်ကြီးခရိုင် အေးသာယာရှိ စစ်ကောင်စီဂိတ်တွင် စစ်ဆေးမှုပိုမိုတင်းကျပ်လာကာ အမျိုးသားများကို အဓိကထားပြီး စစ်ဆေးမှုများရှိနေကြောင်းခရီးသည်များ ပြောပြချက်အရသိရပါသည်။ သျှမ်းပြည်တောင်ပိုင်း၊ အေးသာယာရှိ စစ်ကောင်စီဂိတ်တွင် ယခင်ကထက် ကားများကို စစ်ဆေးမှုပြုလုပ်နေပြီး လိုက်ပါစီးနှင်လာသည့် ခရီးသည်အများစုထဲမှ အမျိုးသားများကို ကားပေါ်မှ ဆင်းခိုင်းကာ နေရပ်ဒေသများကိုမေးမြန်းပြီး ကရင်နီပြည်ဖက်မှလာသည့် ခရီးသည်အမျိုးသားများ ရွာငံဖက်ကလာသည့် ခရီးသည်အမျိုးသားများကို...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ရွာငံမြို့နယ်မြောက်ဘက် ကျေးရွာရှိ ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာအများစုကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်လာသည့်အတွက်ကြောင့် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာငံမြို့နယ်ထဲ တပင်ပျော်ကျေးရွာအုပ်စုထဲတွင် မကြာခဏ ဝင်ရောက်စစ်ဆေး နေထိုင်လျက်ရှိကြောင်း သိရသည်။ “မကြာမကြာတော့ လာတယ်။ ကျနော်တို့ ရွာက...