အေးသာယာရှိ စစ်ကောင်စီ ဂိတ်တွင် စစ်ဆေးမှုပိုမိုတင်းကြပ်လာပြီး အမျိုးသားများကို အဓိကထား စစ်ဆေး

သျှမ်းပြည် တောင်ကြီးခရိုင် အေးသာယာရှိ စစ်ကောင်စီဂိတ်တွင် စစ်ဆေးမှုပိုမိုတင်းကျပ်လာကာ အမျိုးသားများကို အဓိကထားပြီး စစ်ဆေးမှုများရှိနေကြောင်းခရီးသည်များ ပြောပြချက်အရသိရပါသည်။

သျှမ်းပြည်တောင်ပိုင်း၊ အေးသာယာရှိ စစ်ကောင်စီဂိတ်တွင် ယခင်ကထက် ကားများကို စစ်ဆေးမှုပြုလုပ်နေပြီး လိုက်ပါစီးနှင်လာသည့် ခရီးသည်အများစုထဲမှ အမျိုးသားများကို ကားပေါ်မှ ဆင်းခိုင်းကာ နေရပ်ဒေသများကိုမေးမြန်းပြီး ကရင်နီပြည်ဖက်မှလာသည့် ခရီးသည်အမျိုးသားများ ရွာငံဖက်ကလာသည့် ခရီးသည်အမျိုးသားများကို အဓိကထားစစ်ဆေးနေကြောင်း စုံစမ်းသိရှိရပါသည်။

ထိုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်နေပြီး ခရီးသည်အမျိုးသားများကို အချိန်တန်ကြာအောင် သွားခွင့်မပြုပဲ မေးမြန်းနေသဖြင့် ခရီးများနှောင့်နှေးမှုဖြစ်စေကြောင်း ခရီးသွားအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

” ယောကျာ်းလေးတွေကို ပိုစစ်တာဗျ။ အရေးကြီးကိစ္စနဲ့ တောင်ကြီးကို သွားဖို့လိုနေပြီ သူတို့ကမေးမြန်းလို့မပြီးနိုင်ဘူး၊ တော်တော်နဲ့ပေးမသွားဘူး။ အလုပ်ကိစ္စတွေ နောက်ကျသွားတာမျိုးဖြစ်တယ်။ “ဟု ဆိုသည်။

ထိုသို့မေးမြန်းရာတွင် အမည် ၊နေရပ်ဒေသ၊ မှတ်ပုံတင်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး ကရင်နီပြည်မှလာသည့် အမျိုးသားနှင့် ရွာငံဖက်ကလာသည့် အမျိုးသားများကို ပိုပြီးမေးမြန်းနေကြောင်း ထိုအမျိုးသားက ဆက်ပြောထားသည်။

ရွာငံဖက်မှ လာသည့်ခရီးသည်တစ်ဦးမှ မေးမြန်း စစ်ဆေးခံရပြီး စိုးရိမ်စိတ်တွေများစွာရှိကာ နောက်နောင် ခရီး မသွားရဲသည့်အကြောင်းကို ယခုလိုပြောလာသည်။

” ကျနော့် မှတ်ပုံတင်ယူကြည့်ပြီး နင်ကရွာငံကလား တောင်ကြီးကိုဘာသွားလုပ်မှာလဲ မင်းတို့ရွာငံက PDF တွေများတယ်၊ နင်ကတောင်ကြီး ဘယ်နားမှာနေမှာလဲ၊ နေမဲ့နေရာ အပြည့်စုံပြောခဲ့ ဆိုပြီးတော့ ကျနော်ကို ပြောတယ်၊ ကျနော်က လန့်သွားတယ် တောင်ကြီးထိလာစစ်မလားပေါ့ နောက်တစ်ခေါက်ခရီးဆို မသွားရဲတော့ဘူး” ဟု အသက်၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အေးသာယာနှင့် တောင်ကြီး အတက်လမ်းတွင် စစ်ကောင်စီဂိတ်များချထားကာ ကရင်နီပြည်မှ စစ်ဘေးရှောင်များကို အဓိကထားစစ်ဆေးမှုများရှိခဲ့ပြီး ယခုချိန်ထိ စစ်ဆေးမှုများရှိ နေကြောင်းစုံစမ်းသိရှိရ ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...