လားရှိုးမြို့ ၁၀ ရက်အတွင်း ၃ ကြိမ် ဗုံးပေါက်ကွဲမှုဖြစ်

သျှမ်းပြည် လားရှိုးမြို့တွင် ၁၀ ရက် အတွင်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိ နေကြောင်း သတင်းရရှိသည်။

လားရှိုးမြို့

သျှမ်းပြည် လားရှိုးမြို့တွင် ညဈေး၊စန်းရွှင်ဟိုတယ်အနီး ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်) ညနေ ၄ နာရီခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၈ ဦးထိခိုက်ခဲ့ပြီး ထိုအထဲတွင် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ပြောရရင်တော့ ထောင်တဲ့ဗုံးတွေပေါ့။ ထိခိုက်သွားတာက မိန်းကလေး ၄ ယောက် ယောက်ျားလေ ၄ ယောက်ပေါ့။ ဟိုတယ်ဝန်ထမ်းက မိုင်းချသွားတယ်ဘာညာ လာအော်ပြောလိုက်တော့ အဲ့နားက လူတွအကုန် ထွက်ပြေးတာ။ ယောကျ်ားလေး ၁ယောက်ကတော့ လက်ကျိုးတာ။ ကျန်တာတွေ ကတော့ ဗုံးစမှန်တာ‌။ သေဆုံးတာမျိုးတော့မရှိပါဘူး။”ဟု လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင် လားရှိုးမြို့တွင် ၁၀ ရက်အတွင်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွာခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက်တွင် လားရှိုးမြို့ ရပ်ကွက် ၃ ၊ သီရိလမ်းပေါ်ရှိ DR ကုန်မာဆိုင်ရှေ့၌လည်း ဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ ကလေးငယ်အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဖေဖော်ဝါရိလ ၁ ရက်တွင်လည်း ရပ်ကွက် ၈ နမ့်ခုံးဆေးတိုက်အနီးတွင် တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့တွင် လုံခြုံရေးအားနည်းခြင်းကြောင့် မကြာခဏ ဗုံးပေါက်ကွဲမှု ဖြစ်ပွားနေလျက်ရှိပြီး ပေါက်ကွဲမှုဖြစ်စဉ် အများစုတွင် ဆိုင်ကယ်အတွင်း ထည့်ထားသော ဗုံးများကြောင့်ဖြစ်ပွားခဲ့သည်။

လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ပြည်သူ့စစ်အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ကြသည့် SSPP/SSA၊ TNLA ၊ MNDAAစသည့်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသည်။

သို့သော် လားရှိုးမြို့ပေါ်တွင် မကြာခဏ ဖြစ်ပွားနေသည့် ဗုံးပေါက်ကွဲမှု၊ ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှုနှင့် ဆက်စပ်သူ တရားခံများကို သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းမှ ဖမ်းဆီးဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ အဆိုပါ တရားခံများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက ဆက်စပ်နေသည်ဟု သံသယရှိကြောင်း ဒေသခံများက ပြောဆိုနေလျက်ရှိသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

ShanNationalDay #စစ်ရေးပြင်းထန် #သျှမ်းပြည်အမျိုးသားနေ့

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...