လားရှိုးမြို့ မကြာခဏ ဗုံးပေါက်ကွဲ လူထုစိုးရိမ်နေ

သျှမ်းပြည် လားရှိုးမြို့တွင် မကြာခဏ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုများလာရာ လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။

ယမန်နေ့ (အောက်တိုဘာလ ၁၆) ရက် ည ၈ နာရီဝန်းကျင်တွင် လားရှိုးမြို့ ပန်းခြံအနီးရှိ (ကားရေဆေးဆိုင်) တစ်ခုနှင့် မျက်နှာချင်းဆိုင် လမ်း၌ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၁၃) ရက်တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၈) အတွင်း ဖွင့်လှစ်ထားသည့် Fine ပရိဘောဂ ဆိုင်တစ်ဆိုင် ဗုံးခွဲတိုက်ခိုက်ခံရပြီး၊ ယမန်နေ့ (အောက်တိုဘာ ၁၆) ရက်တွင်လည်း အဆိုပါ Fine ပရိဘောဂဆိုင်သည် သေနတ်ဖြင့် ထပ်မံ ပစ်ခတ်ခံရသေးကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ရှိ ဟိုတယ်၊ ဆိုင်ခန်း နှင့် ဓာတ်ဆီဆိုင်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း လူ ၈ ဦး သေဆုံးပြီး ၄၁ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ နေ့စဉ် ရေးသားတင်ဆက်ထားသည့် သတင်းမှတ်တမ်းအရ သိရသည်။

“ဗုံးပေါက်ကွဲတာက ဆက်ကြေးဆောင်ခိုင်းတာနဲ့ ပတ်သက်မယ်ထင်တယ်။ အခုနောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့ တွေလည်း အခွန်တောင်းတာကြမ်းတယ်။ တပိုင်တနိုင် ဆိုင်သေးတွေအစ မြို့ထဲက နာမည်ကြီးနေတဲ့ ဆိုင်တွေ လိုက်တောင်းတယ်။ တောင်းတဲ့အဖွဲ့တွေကလည်း များတယ်။ ဒီအဖွဲ့ကို ထည့်ပေးပြီး ကျန်တဲ့အဖွဲ့ကို ထည့်မပေးလို့ ဖြစ်မယ်။ အဲ့ကြောင့် ဗုံးနဲ့လာပစ်တာပေါ့ “ ဟု လားရှိုးမြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသား တစ်ဦးက ပြောသည်။

သျှမ်းပြည် လားရှိုးမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြသည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ နှစ်စဥ်နှစ်တိုင်း ဆက်ကြေး ကောက်ယူမှုရှိသည်။

ထို့အပြင် ပြည်သူ့စစ်တပ်ဖွဲ့များလည်း လှုပ်ရှားနေလျက်ရှိပြီး ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့အချို့လည်း လှုပ်ရှားနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ လားရှိုးမြို့အတွင်း မကြာခဏ ဗုံးပေါက်ကွဲခံရမှု နှင့် ပတ်သက်ပြီး တရားခံသည် မည်သည့်အဖွဲ့ဖြစ်သည်ကို မသိရှိရသေးပေ။

“လားရှိုးမြို့မှာတော့ ခဏခဏဗုံးပေါက်တာ တရားခံကို မဖမ်းမိဘူး။ ရဲတွေလည်း တရားခံကို မဖမ်းနိုင်တဲ့အပြင် လုံခြုံရေးလည်း မပေးနိုင်ဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ပေါမှပေါ ဘယ်တပ်ဖွဲ့မှ လုံခြုံရေး မပေးနိုင်ဘူး။ ရဲတွေလည်း ဗုံးပေါက်ပြီးမှ လမ်းတွေပိတ်၊ စစ်ဆေးမေးမြန်းဖို့ဘဲ သိတယ်။ ပြီးရင် ဆိုင်ကယ်တွေ လိုက်ဖမ်းတယ်၊ ဘာမှမလုပ်ပေးနိုင်ဘူး “ ဟု လားရှိုးမြို့ဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင်း လစဉ်ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်လာသဖြင့် ဆိုင်ခန်းဖွင့်လှစ်ထားသူများသည် ဖုန်းဆက် လိမ်လည်မှု ခံရမည်ကို စိုးရိမ်ခြင်းနှင့် ဆက်ကြေးများလာရောက်ကောက်မည်ကို ကြောက်သဖြင့် ဆိုင်ခန်း ဆိုင်းဘုတ် ဖြုတ်ထားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...