Thursday, May 2, 2024

တောင်ကြီးမြို့ အမှိုက်ပုံအနီး ဗုံးပေါက်ကွဲ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဝါးပြားလမ်းဆုံ အနီးရှိ အမှိုက်ပုံ အနီးတွင် ယမန်နေ့(ဇူလိုင် ၂၆)ရက် ညနေ ၃နာရီဝန်းကျင်တွင် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင် အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အဆိုပါ အမှိုက်ပုံးအနီးတွင် ရှိနေသည့် သန့်ရှင်းရေးဝန်ထမ်းနှစ်ဦးအနက် အမျိုးသမီးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့က ညနေ ၃ နာရီမှာ ပေါက်ကွဲမှု ဖြစ်သွားတာပါ၊ ဖြစ်ချင်တော့ အဲ့ချိန်မှာသန့်ရှင်းရေး သမားတွေ ရှိနေတယ်၊ အမျိုး သမီးတစ်ဦးက ပေါင်ကို ထိခိုက်ဒဏ်ရာ ရသွားတယ်၊ ဘယ်သူ ဘယ်အဖွဲ့အစည်းက လာရောက်ချသွားမှန်း” ဟု တောင်ကြီးဒေသခံ အမျိုးသားက ဆိုသည်။

အဆိုပါ ဝါးပြားလမ်းဆုံအနီးရှိ အမှိုက်ပုံကြီးကို မွှေးတောင်ကြီးကုမ္ပဏီမှ သန့်ရှင်းရေးဝန်ထမ်း ၂ ဦး အမှိုက် လာရောက် သိမ်းဆည်းစဉ် အနက်ရောင်အထုပ်တစ်ထုပ် တွေ့ရှိသဖြင့် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက လွှင့် ပစ်ရာ မိုင်းမှာ ပေါက်ကွဲပြီး အခြား ဝန်ထမ်းတစ်ဦး၏ ပေါင်၌ မိုင်းစထိမှန်ခဲ့ခြင်းဖြစ် ၎င်းကဆက်ပြောသည်။

“ဗုံးလို့ ပြောရမလား မိုင်းလို့ ပြောရမလား မပြောတတ်ဘူး၊ လက်လုပ်ပစ္စည်းတစ်ခုပဲ၊ အိမ်မဲထဲ ထည့်ထား တယ်တဲ့၊ ဝန်ထမ်း တစ်ယောက်က မသင်္ကာလို့ လွင့်ပစ်လိုက်ချိန်မှာ ပေါက်ကွဲပြီးတော့ နောက်ဝန်ထမ်း တစ် ယောက်ပေါင်ကို ထိမှန်သွားတာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့နယ် အတွင်းရှိ ဌာဆိုင်ရာဒေသအနီးပတ် ဝန်းကျင်များ၊ စာသင်ကျောင်းများနှင့် လူအများသွားလာလှုပ်ရှားသည့် လမ်းမကြီးပေါ်ကဲ့သို့သော နေရာများ တွင် လက်လုပ်ဗုံး နှင့် မိုင်းများ ပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article