Saturday, May 18, 2024

ဗုံးပေါက်ကွဲမှု

တာချီလိတ်မြို့ စစ်ကောင်စီမှ NLD ပါတီဝင်များကို ဗုံးပေါက်ကွဲမှုဖြင့် စွပ်စွဲ ဖမ်းဆီးနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်များနှင့် အပြစ်မဲ့ပြည်သူများကို ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး စွပ်စွဲ ဖမ်းဆီးနေကြောင်း သိရသည်။ တာချီလိတ်မြို့မှ မြို့မရဲစခန်းဝန်းအတွင်း ရဲလိုင်းခန်းအပါအဝင် ရက်သတ္တပတ်အတွင်း (၄)ကြိမ်မြောက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စကို NLD ပါတီဝင်များနှင့် လူငယ်များက ပြုလုပ်ခဲ့သည်ဟု...

တာချီလိတ် မြို့မရဲစခန်း ဝန်ထမ်းအိမ်ယာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် မြို့မရဲစခန်းအနီးတွင် ယနေ့ (ဇန်နဝါရီ ၁၄)ရက် မနက် ၁၁ နာရီ ဝန်းကျင်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မနက် (၁၁)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် မြို့မရဲစခန်း အနောက်ဘက် ဝန်ထမ်းအိမ်ယာ အနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း...

တောင်ကြီး မြကန်သာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ စစ်ကောင်စီ ထိခိုက်မှုရှိ

သျှမ်းပြည် တောင်ကြီးမြို့ရှိ မြကန်သာအဝိုင်းအနီးတွင် ချိတ်ထားသည့် စာတန်းမှ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်မှုရှိသွားကြောင်း သတင်းသိရသည်။ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင်အချိန်တွင် တောင်ကြီး၊ မြကန်သာအနီး ချိတ်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဆဲဆိုထားသည့် "ငါတို့ပြန်လာခဲ့မယ်" ဆိုသည့်စာသားပါ...

နမ့်ခမ်းမြို့လယ် ပေါက်ကွဲမှုဖြစ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားကျောင်း အနောက်ဘက် ပင်လုံထိပ်ထားတည်းခိုခန်းအနီး ယနေ့ (ဒီဇင်ဘာ ၁၄)ရက် ည ၆ နာရီခွဲ ဝန်းကျင်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ထိုပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ လက်အောက်ခံတပ်၊ ပြည်သူ့စစ်အုပ်စု ရောက်လာပြီး လူငယ် (၂)ဦးဖမ်းခံရကြောင်းသိရသည်။ “ပေါက်ကွဲမှု ဖြစ်ပြီးတော့ စစ်ကောင်စီလက်အောက်ခံ...

ကျောက်မဲ မြို့နယ်ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲ

သျှမ်းမြောက် ကျောက်မဲမြို့ မြို့နယ်ပညာရေးမှူးရုံးအနီးတွင် ယနေ့ (ဒီဇင်ဘာ ၁၁)ရက် မနက် ၁၁ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ထို မြို့နယ် ပညာရေးမှူးရုံးသည် ရပ်ကွက် ၇ မြောက်ကုန်းတွင် တည်ရှိပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် လမ်းသွားလမ်းလာများအား စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ “လက်လုပ်ဗုံးကွဲတာလို့...

မူဆယ်မြို့ စျေးဆိုင်ပိတ်သူများကို ခြိမ်းခြောက်ခဲ့သည့် စည်ပင်ရုံး ဗုံးပေါက်ကွဲ၊ ၂ ဦး ဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း ယနေ့ အသံတိတ် သပိတ်နေ့တွင် စျေးဆိုင်ပိတ်သည့် သူများကို လိုက်လံခြိမ်းခြောက်ခဲ့သည့် မူဆယ် စည်ပင်သာယာရေးဌာန ဗုံးခွဲ တိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်)တွင် နိုင်ငံတ၀ှမ်းလုံးအနေဖြင့် ငြိမ်သက် ခြင်းသပိတ် Silent Strike...

တောင်ကြီးမြို့ Ocean ကုန်တိုက်အနီး ဗုံးပေါက်ကွဲ ထိခိုက်ဒဏ်ရာရသူရှိ

သျှမ်းပြည် မြို့တောင် တောင်ကြီးမြို့ Ocean ကုန်တိုက်အနီးတွင် ဗုံးနှစ်လုံးဆင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦး ရှိကြောင်း သတင်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂ ရက်) မွန်းလွဲပိုင်း ၂ နာရီခွဲကျော်တွင် တောင်ကြီး Ocean ကုန်တိုက် အနီးရှိ Asia...

ကလောမြို့ EPC ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့ EPC ရုံးဝင်းတွင် ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) ည ၈ နာရီကျော်တွင် ကလောမြို့ EPC ရုံးရှေ့ အလံတိုင်အနီးတွင် ချိန်ကိုက်လက်လုပ် ဗုံးတစ်လုံး ပေါက်ကွဲပြီး ရုံးဆင်းရန်ပြင်နေသည့် ဝန်ထမ်းနှစ်ဦး...

လားရှိုးမြို့ လဝကရုံးအနီး ဗုံးပေါက်ကွဲ ဖြစ်၊ ထိခိုက်မှုရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်အချိန်တွင် ဗုံးတစ်လုံးပေါက်ကွဲပြီးလဝကရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် မှတ်ပုံတင်လာလုပ်သည့်သူ တစ်ဦး မိုင်းစထိမှန်ကာ ဒဏ်ရာရခဲ့ကြောင်း...

မိုင်းယော် ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ရဲစခန်းတွင် ယနေ့ (အောက်တိုဘာ ၂၈) နေ့လည် ၁၂ နာရီဝန်းကျင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “အခုလေးတင်ပေါက်ကွဲသွားတာ။ အသံအကျယ်ကြီးပဲ။ တစ်လုံးပဲ ပေါက်ကွဲတာ။ ရဲစခန်းအထဲကနေ ပေါက်ကွဲတာ။ ထိခိုက်ဒဏ်ရာရရှိတဲ့သူရှိလားတော့မသိဘူး။ ကျနော်တို့လည်း အထဲသွားမကြည့်ရဲဘူး။ ထပ်ပေါက်ကွဲမှာကြောက်ရတယ်” ဟု...

Latest news