Tuesday, January 27, 2026

နမ့်ခမ်းမြို့လယ် ပေါက်ကွဲမှုဖြစ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားကျောင်း အနောက်ဘက် ပင်လုံထိပ်ထားတည်းခိုခန်းအနီး ယနေ့ (ဒီဇင်ဘာ ၁၄)ရက် ည ၆ နာရီခွဲ ဝန်းကျင်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။

ထိုပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ လက်အောက်ခံတပ်၊ ပြည်သူ့စစ်အုပ်စု ရောက်လာပြီး လူငယ် (၂)ဦးဖမ်းခံရကြောင်းသိရသည်။

“ပေါက်ကွဲမှု ဖြစ်ပြီးတော့ စစ်ကောင်စီလက်အောက်ခံ တပ်တွေ၊ ပြည်သူ့စစ်တွေ ရောက်လာကြတယ်။ ဗုံးပေါက်ကွဲတာ (၁၅)မိနစ်လောက်အကြာမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်အမျိုးသား နှစ်ဦးကို ဖမ်းသွားတယ်” ဟု နမ့်ခမ်းဒေသခံ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပန်ပွဲညစျေးတန်းက ပြည်သူများ အလန့်တကြားဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ညစျေးက လူတွေလည်း အလန့်တကြား ဖြစ်ကုန်ကြတယ်။ အဲ့တည်းခိုခန်းနားမှာပဲ ပြီးခဲ့တဲ့ အပတ်တုန်းက အမျိုးသား တစ်ဦး သေနတ်ပစ်ခံရတယ်” ဟု နမ့်ခမ်းဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၉)ရက်က ပင်လုံထိပ်ထားတည်းခိုခန်း အနီးတွင် ဆိုင်ကယ် ကယ်ရီ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရကြောင်း သိရှိရသည်။

နမ့်ခမ်းမြို့ပေါ်တွင် ယခုရက်ပိုင်း (TNLA) တပ်ဖွဲ့မှ ဆက်ကြေးကောက်ခံမှုများ ရှိနေသည့်အတွက် ဒေသခံ နမ့်ခမ်းစျေးသူစျေးသားများ ဆန္ဒပြသည့်အနေဖြင့် မြို့မစျေးကို (၅)ရက် ပိတ်ထားကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...
TNLA_ID Poster

TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့  ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး

0
TNLA ထိန်းချုပ်ထားသော သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ်ထဲတွင်  ရေဆော့ ကစားနေသည့် ကလေးတစ်ယောက် ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။  နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာရှိ ဟိုဆိုင်းချောင်းသာတွင် ဧပြီလ ၁၄ ရက် ညနေခင်းက ကလေးငယ် တစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ အလောင်းရှာမတွေ့သေးဟု...

နမ့်ခမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယနေ့မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသည်။ TNLA ထိန်းချုပ်ထားသော  နမ့်ခမ်းမြို့နယ်ရှိ ကွန်လုံကျေးရွာတွင် ဧပြီလ ၅ ရက် နံနက် ၁၀ နာရီအချိန်က နေအိမ်မီးလောင်ခြင်းဖြစ်ပြီး လူသူထိခိုက်သေဆုံးမှုတော့မရှိကြောင်း   နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ဒီမနက် ၁၀ နာရီ ဝန်းကျင် ကွန်လုံရွာမှာ...

ကျောက်မဲမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ သတိဖြင့်သွားလာနေရ

0
သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့တွင် One Love ဟိုတယ် ၌ ဗုံးပေါက်ကွဲ မှုဖြစ်ပြီးနောက်ပိုင်း ပြည်သူများ သတိဖြင့် သွားလာနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေ ၂၆ ရက် ညပိုင်းတွင် ကျောက်မဲမြို့ရှိ One Love ဟိုတယ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးများက မာရှယ်လော(ညမထွက်ရ) အမိန့်ကိုပြန်လည်...