Friday, April 19, 2024

ကလောမြို့ EPC ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့ EPC ရုံးဝင်းတွင် ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။

EP

ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) ည ၈ နာရီကျော်တွင် ကလောမြို့ EPC ရုံးရှေ့ အလံတိုင်အနီးတွင် ချိန်ကိုက်လက်လုပ် ဗုံးတစ်လုံး ပေါက်ကွဲပြီး ရုံးဆင်းရန်ပြင်နေသည့် ဝန်ထမ်းနှစ်ဦး ဒဏ်ရာအနည်းငယ်ရသွားကြောင်း အနီးပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

“အသံကတော့ တော်တော်ကျယ်တယ်၊ ကြားရသလောက်တော့ ဝန်ထမ်းနှစ်ယောက်လည်း ထိသွားတယ် ပြောတယ်၊ မှန်ကွဲသံတွေရော၊ အခုတော့ ဆေးရုံကားရော၊ ရဲတွေနဲ့ စစ်သားတွေလည်း ရောက်လာတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်သွားသော EPC ရုံးသည် ကလောမြို့ရှိ စစ်တပ်ထောက်လှမ်းရေးရုံးနှင့် စစ်ဦးစီးတက္ကသိုလ်၏ ပင်မဝင်ဂိတ်သွားသည့် လမ်းပေါ်တွင် တည်ရှိနေကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ရဲနှင့် စစ်သားများက EPC ရုံး အနီးတစ်ဝိုက်နှင့် ရဲစခန်းရှေ့ နာရီစင်လမ်းတစ်လျှောက်ကိုလည်း ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article