မူဆယ်မြို့ စျေးဆိုင်ပိတ်သူများကို ခြိမ်းခြောက်ခဲ့သည့် စည်ပင်ရုံး ဗုံးပေါက်ကွဲ၊ ၂ ဦး ဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း ယနေ့ အသံတိတ် သပိတ်နေ့တွင် စျေးဆိုင်ပိတ်သည့် သူများကို လိုက်လံခြိမ်းခြောက်ခဲ့သည့် မူဆယ် စည်ပင်သာယာရေးဌာန ဗုံးခွဲ တိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်)တွင် နိုင်ငံတ၀ှမ်းလုံးအနေဖြင့် ငြိမ်သက် ခြင်းသပိတ် Silent Strike ဆင်နွှဲကြရာ မူဆယ်မြို့တွင်းမှ ဆိုင်ခန်းပိုင်ရှင်များလည်း ပါဝင်လှုပ်ဆောင်ခဲ့ပြီး စည်ပင်သာယာရေးဌာနမှ ဆိုင်ခန်းများကို ဖွင့်လှစ်ကြရန် ဖိအားပေး ခြိမ်းခြောက်မှု ဆော်သြခဲ့သည်။

“ဒီနေ့မနက်မှာ ဆိုင်တွေအကုန်လုံးပိတ်ကြတော့ စည်ပင်တွေက လော်နဲ့ ဆိုင်တွေပြန်ဖွင့်ရမယ်၊ မဖွင့်ရင် တစ်လတိတိ ဆိုင်ပိတ်ခံရမယ်ဆိုပြီးတော့ ခြိမ်းခြောက်သွားတာ၊ ဒါပေမယ့် ဒီ နေ့လည်ပိုင်းတော့ သူတို့ဌာနက ဗုံးခွဲခံလိုက်ရတယ်” ဟု မူဆယ်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ စည်ပင်သာယာရေးဌာနရုံးတွင် ဗုံးတစ်လုံးပေါက်ကွဲပြီး စည်ပင်ဌာနမှ ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း မူဆယ်မြို့နေ အသက် ၄၀ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။

“ဗုံးက တစ်လုံးတည်းပါ၊ လူနှစ်ယောက်ထိထားတယ်လို့ ပြောတယ်၊ လက်ရှိမှာလည်း လူနာတင်ကားနဲ့ ပရဟိတကားတွေ သုံးစီးလောက် ဝင်သွားတာလည်းတွေ့တယ်၊ ထိတဲ့သူက ဘယ်သူလဲတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ နှစ်ဦးရှိနေသည်ဟု သိရပြီး လက်ရှိမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လူနာတင်ကားများ၊ ပရဟိတကားများ ရောက်ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...