တာချီလိတ်မြို့ စစ်ကောင်စီမှ NLD ပါတီဝင်များကို ဗုံးပေါက်ကွဲမှုဖြင့် စွပ်စွဲ ဖမ်းဆီးနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်များနှင့် အပြစ်မဲ့ပြည်သူများကို ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး စွပ်စွဲ ဖမ်းဆီးနေကြောင်း သိရသည်။

တာချီလိတ်

တာချီလိတ်မြို့မှ မြို့မရဲစခန်းဝန်းအတွင်း ရဲလိုင်းခန်းအပါအဝင် ရက်သတ္တပတ်အတွင်း (၄)ကြိမ်မြောက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စကို NLD ပါတီဝင်များနှင့် လူငယ်များက ပြုလုပ်ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်နေကြောင်း တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဝန်ကြီးချုပ်ခရီးစဉ်ကတည်းက ဗုံး စပေါက်တာ ဒီတစ်ပတ်အတွင်း (၄) ကြိမ်ရှိနေပြီ၊ မြို့ထဲမှာလည်း နေ့တိုင်း အစစ်အဆေးတွေရှိတယ်။ NLD ပါတီနဲ့ ပတ်သက်တဲ့ လူတွေကို အဓိက လိုက်ဖမ်းနေတယ်၊ အခုက ၁၀ ဦးလောက် ရှိနေပြီ” ဟု တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့သည် NLD ပါတီနှင့် ပတ်သက်သူများ၊ စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားသည်ဟု ထင်မှတ်သော ပြည်သူများကိုလည်း စွပ်စွဲချက်များဖြင့် လိုက်လံဖမ်းဆီးနေကြောင်း တာချီလိတ်မြို့မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဥ်ပြိုင်အနိုင်ရဖူးသည့် အမျိုးသားတစ်ဦးက ဆိုသည်။

“သူတို့ကို ဆန့်ကျင်မှ NLD ဖြစ်မှ ဖမ်းတာ မဟုတ်ပါဘူး၊ သူတို့ အမြင်မကြည်တဲ့ ပြည်သူတွေကိုလည်း အမြင်ကတ်ပုဒ်မနဲ့ ဖမ်းပါတယ်၊ သူတို့ဖမ်းသွားပြီး ထောင်ထဲမှာပဲ သေရတဲ့သူတွေရှိသလို ပြန်လွှတ်လာပြီး မကြာခင်မှာ သေဆုံးရတဲ့သူတွေလည်း ရှိတယ်၊ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး စကစတွေဘက်က ဘာမှ ဖြေရှင်းချက်မပေးဘူး၊ ပြည်သူတွေ လူ့အခွင့်အရေး ဘယ်လောက် ဆုံးရှုံးရလဲ၊ ဘယ်လောက်အနိုင်ကျင့်ခံရလဲ ဆိုတာ သိသာတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် အနိုင်ရခဲ့ဖူးသည့် အမျိုးသားက ပြောသည်။

တာချီလိတ်မြို့တွင်းမှ တစ်ပတ်အတွင်း ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားပြီးနောက် တာချီလိတ်မြို့နေ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်၏ နေအိမ်ကို စစ်ကောင်စီက ဇန်နဝါရီလ ၁၃ ရက်က ချိတ်ပိတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်းကိုလည်း မွှေနှောက်ဖျက်ဆီးသွားကြောင်း အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
“ဦးဝင်းစွမ်ကို PDF ခေါင်းဆောင်လို့ စကစတွေက ထင်နေတာ၊ အဲ့ကြောင့် သူ့ကို အသည်းအသန်လိုက်ရှာနေတယ်၊ သူ့အိမ်ကိုလည်း ချိတ်ပိတ်တယ်။ သူဝင်ထွက်သွားလာတတ်တဲ့ အိမ်တွေကိုလည်း ဝင်ရောက် စစ်ဆေးမှုတွေရှိတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းစွမ်သည် NLD ပါတီမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လက်ရှိတွင် တောခိုပြီး PDF ခေါင်းဆောင်လုပ်နေသည်ဟု စစ်ကောင်စီက စွပ်စွဲကာ ၎င်းအိမ်နှင့် တခြားပြည်သူတို့၏ နေအိမ်ကို စစ်ကောင်စီတပ်သားတို့မှ ဝင်ရောက်စီးနင်းစစ်ဆေးလေ့ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင်းမှ ပေါက်ကွဲမှု (၄)ကြိမ်စလုံးကို TCL.KKK.SHN အဖွဲ့ ပြုလုပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် မဆိုင်သူများ ဖမ်းဆီးစစ်ဆေးခြိမ်းခြောက်မှုများကို ရပ်တန့်ရန်၊ မြို့တွင်း ပြည်သူများ သွားလာရေးတွင် စစ်ဆေးခံနေရမှုကြောင့် ထိတ်လန့်နေ၍ စစ်ဆေးမှုများကို ရုပ်သိမ်းပေးရန် ၎င်းတို့ ထုတ်ပြန်ချက်မှ တောင်းဆိုထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...