Monday, April 29, 2024

တောင်ကြီး ရိုးမဘဏ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရိုးမဘဏ် အနီးတွင် ယနေ့( မေ ၁၇)ရက် နေ့လည် ၁နာရီကျော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လည် (၁)နာရီ ဝန်းကျင်တွင် တောင်ကြီးမြို့ ရတနာသီရိ ရပ်ကွက်ဘက်ရှိ ရိုးမဘဏ် ဘေး ရေမြောင်းတွင်ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူထိခိုက်မှုမရှိကြောင်း တောင်ကြီး ဒေသခံ တဦး ပြောပြချက် အရသိရသည်။

“ ရိုးမဘဏ်ဘေးနားက ပေါက်ကွဲတာ။ အသံကတော့ကျယ်တယ်။ လက်လုပ်ဗုံးပဲဖြစ်မယ်။ လူထိခိုက်မှုတော့မရှိဘူး။ ရေပိုက်တွေတော့ ပျက်စီးသွားတယ်” ဟု တောင်ကြီးဒေသခံ အမျိုးသားတဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်

တောင်ကြီးမြို့တွင် ယခုရက်ပိုင်း နေ့တိုင်းနီးပါး ပေါက်ကွဲမှုဖြစ်နေကြောင်းသိရသည်။

မေ (၁၄)ရက်တွင် နည်းပညာ တက္ကသိုလ် (တောင်ကြီး) ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား (၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်း တောင်ကြီးမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသည်လူထု များကို စစ်ကောင်စီအုပ်စုက ဖမ်းဆီးချုပ်နှောင်မှု ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article