Tuesday, January 27, 2026

နမ့်ဆန်မြို့ ဗုံးပေါက်ကွဲ စစ်ကောင်စီ ရဲတပ်ဖွဲ့(၅)ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စာသင်ကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ မှ ရဲစခန်းမှူးအပါအဝင် (၅) ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ မေ (၂၀) ရက် ည ၉ နာရီခန့်တွင် နမ့်စန်မြို့ရှိ အထက (၁) ခွဲ ကျောင်းအနီးရှိ ကပေါ်တွင် ဗုံးထောင်ထားပြီး၊ စစ်ကောင်စီ အုပ်စု ဗုံးကို လာရှင်းသည့် အချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲစခန်းမှူးအပါအဝင် (၅)ဦး သေဆုံးကာ (၆)ဦး ဒဏ်ရာရရှိကြောင်း နမ့်ဆန်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ မနေ့က ဗုံးပေါက်ကွဲတာ ရဲ တပ်ဖွဲ့ဝင် (၅)ဦး ၊(၆)ဦးလောက် သေဆုံးသွားပြီ။ (၆)ဦး ဒဏ်ရာရရှိထားတယ်” ဟု နမ့်ဆန်ဒေသခံ တစ်ဦး က ဆိုသည်။

ထိုနည်းတူ ယမန်နေ့( မတ် ၂၀)ရက် မနက် (၁၁)နာရီ အချိန်တွင် နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာအောက်ရှိ တံတားအနီး တွင် စစ်ကောင်စီ အုပ်စု မှ သံဃာတော်ကား(၂)စီး၊ သဲတင်ကား(၁)စီးကို ငှားရမ်း စီးနင်းလာသည့်ကား မိုင်းခွဲတိုက်ခိုက်ခံရကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီး (၃)လကျော်အကြာ ပထမဆုံးဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကို နမ့်ဆန်ဒေသခံ ပြည်သူများက နေ့စဉ်ပြုလုပ်နေကြကြောင်း လည်း သိရသည်။

“နမ့်ဆန်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ကာလအတွင်း ဒါပထမဆုံး ဗုံးပေါက်ကွဲမှု ဖြစ်တာလို့ ပြောလို့ရတယ်။ဒ စစ်အာဏာရှင် စနစ်ကို ကျနော်တို့လည်း မနှစ်သက်ဘူး” ဟု နမ့်ဆန်ဒေသခံ တစ်ဦး ကပြောသည်။

စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြ ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီက အကြမ်းဖက် ဖြိုခွင်းခြင်း၊ ဆနဒပြလူငယ်များကို ညဖက်တွင် ဝင်ဖမ်းခြင်းများ ယနေ့ချိန်ထိ ရှိခဲ့ကြသည်။

ယခုရက်ပိုင်း ဗုံးပေါက်ကွဲမှုသည် မကြာခဏ ဖြစ်ပွားမှုဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံးများ စာသင်ကျောင်းများ ဌာနဆိုင်ရာ အဆောက်အဦးများမှာ မကြာခဏပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့ မေ (၂၀) ရက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ မြို့မဈေးကြီးအနီးတွင် ဗုံးပေါက်ကွဲပြီး စစ်ကောင်စီ ရဲတပ်သား(၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...