နမ့်ဆန်မြို့ ဗုံးပေါက်ကွဲ စစ်ကောင်စီ ရဲတပ်ဖွဲ့(၅)ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စာသင်ကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ မှ ရဲစခန်းမှူးအပါအဝင် (၅) ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ မေ (၂၀) ရက် ည ၉ နာရီခန့်တွင် နမ့်စန်မြို့ရှိ အထက (၁) ခွဲ ကျောင်းအနီးရှိ ကပေါ်တွင် ဗုံးထောင်ထားပြီး၊ စစ်ကောင်စီ အုပ်စု ဗုံးကို လာရှင်းသည့် အချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲစခန်းမှူးအပါအဝင် (၅)ဦး သေဆုံးကာ (၆)ဦး ဒဏ်ရာရရှိကြောင်း နမ့်ဆန်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ မနေ့က ဗုံးပေါက်ကွဲတာ ရဲ တပ်ဖွဲ့ဝင် (၅)ဦး ၊(၆)ဦးလောက် သေဆုံးသွားပြီ။ (၆)ဦး ဒဏ်ရာရရှိထားတယ်” ဟု နမ့်ဆန်ဒေသခံ တစ်ဦး က ဆိုသည်။

ထိုနည်းတူ ယမန်နေ့( မတ် ၂၀)ရက် မနက် (၁၁)နာရီ အချိန်တွင် နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာအောက်ရှိ တံတားအနီး တွင် စစ်ကောင်စီ အုပ်စု မှ သံဃာတော်ကား(၂)စီး၊ သဲတင်ကား(၁)စီးကို ငှားရမ်း စီးနင်းလာသည့်ကား မိုင်းခွဲတိုက်ခိုက်ခံရကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီး (၃)လကျော်အကြာ ပထမဆုံးဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကို နမ့်ဆန်ဒေသခံ ပြည်သူများက နေ့စဉ်ပြုလုပ်နေကြကြောင်း လည်း သိရသည်။

“နမ့်ဆန်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ကာလအတွင်း ဒါပထမဆုံး ဗုံးပေါက်ကွဲမှု ဖြစ်တာလို့ ပြောလို့ရတယ်။ဒ စစ်အာဏာရှင် စနစ်ကို ကျနော်တို့လည်း မနှစ်သက်ဘူး” ဟု နမ့်ဆန်ဒေသခံ တစ်ဦး ကပြောသည်။

စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြ ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီက အကြမ်းဖက် ဖြိုခွင်းခြင်း၊ ဆနဒပြလူငယ်များကို ညဖက်တွင် ဝင်ဖမ်းခြင်းများ ယနေ့ချိန်ထိ ရှိခဲ့ကြသည်။

ယခုရက်ပိုင်း ဗုံးပေါက်ကွဲမှုသည် မကြာခဏ ဖြစ်ပွားမှုဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံးများ စာသင်ကျောင်းများ ဌာနဆိုင်ရာ အဆောက်အဦးများမှာ မကြာခဏပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့ မေ (၂၀) ရက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ မြို့မဈေးကြီးအနီးတွင် ဗုံးပေါက်ကွဲပြီး စစ်ကောင်စီ ရဲတပ်သား(၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...