Sunday, May 5, 2024

ပြည်သူ့စစ်

ကွတ်ခိုင်မြို့နယ် ပြည်သူ့စစ်က ပြည်သူတစ်ဦးကို အကြောင်းမဲ့ သေနတ်ပစ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်တစ်ခုရှေ့၌ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က အသက် (၅၀) အရွယ်ရှိ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ထိုသေနတ်ပစ်ခတ်ခံရသည့် အမျိုးသားကို ကွတ်ခိုင်မြို့  ပြည်သူ့စစ်မှ ငွေကျပ် (၁၀) သိန်း ပေးဆောင်ခဲ့သော်လည်း ဆေးကုသရန် ခက်ခဲနေသေးကြောင်း သိရသည်။ဖြစ်စဉ်မှာ...

မူဆယ်မြို့ ပြည်သူ့စစ် လောင်းကစားဖွင့်လှစ်နေရာအနီး မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ ပြည်သူ့စစ်လောင်းကစားရုံ များဖွင့်လှစ်သည့် နေရာ အနီးရှိ ဆင်ဖြူအိမ်ယာ ဝန်ထမ်းတန်းလျားများ အားလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၉)ရက် ည ၈ နာရီဝန်းကျင်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ပေ (၂၀၀) ကျော်ရှိသည့် ဝန်ထမ်းအိမ်ယာ...

မူဆယ်မြို့ နေ့စဥ်လက်နက်ကြီးသံကြား ပြည်သူများစိုးရိမ်ထိတ်လန့်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယခုရက်ပိုင်း လက်နက်ကြီး ပစ်ခတ်မှု ဆက်တိုက် ကြားနေရသဖြင့် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ယခု ရက်သတ္တပတ်အတွင်း မူဆယ်မြို့နယ်တွင် ပစ်ခတ်မှုများ၊ အုပ်စုလိုက်လက်နက်ကိုင် လုယက်မှုများ နှင့် လက်နက်ကြီးသံများ အဆက်မပြတ်ကြားနေရမှုတို့ကြောင့် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“ကျနော်တို့မူဆယ်မှာတော့ လက်နက်ကြီးလက်နက်ငယ်သံတွေ...

မူဆယ်မြို့ ပစ်ခတ်မှုဖြစ် ထိခိုက်ဒဏ်ရာ ရသူရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့  စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ (မေ ၁၇) ရက် ည ၁၁ နာရီ၀န်းကျင်၌ အမည်မသိ လက်ကိုင်တစ်စုက လက်နက်အပြည့်အစုံဖြင့် ရပ်ကွက်ထဲ၀င်လာပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ယမန်နေ့  (မေလ ၁၇) ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ဝတ်စုံနှင့်...

မူဆယ်မြို့တွင်း လုယက်မှုမှ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လုယက်မှု မှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်မှုမရှိသည့် ပြည်သူ တစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ဧပြီလ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်မှ ပင်လုံလမ်းသွယ် ၂ တွင် ဈေးမှ ဆိုင်ကယ်စီးပြီး...

မူဆယ်မြို့ ပြည်သူ့စစ် သင်တန်းနေရာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ သိန်းသန်းချီ ကားကြီးကွင်းအနီး ပြည်သူ့စစ်သင်တန်းနေရာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီ (၇)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် သိန်းသန်းချီ ကားကြီးကွင်းအနီး ပြည်သူ့စစ် သင်တန်းရှိရာ နေရာတွင် ပေါက်ကွဲသွားကြောင်း သိန်းသန်းချီ ကားကြီးကွင်းအနီး နေထိုင်သည့်...

မူဆယ်မြို့နယ် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ စစ်ဆေးမှုပြုလုပ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တော်ရွက်ကျေးရွာအုပ်စု ဟိုဆောင်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက လမ်းသွားလမ်းလာများအား စစ်ဆေးမှု ပြုလုပ်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခု မတ်လအတွင်းမှစပြီး မူဆယ်မြို့ ဟိုဆောင်ကျေးရွာထိပ်နှင့် မင်္ဂလာမူဆယ်အဝင်ပေါက်တို့တွင် ပြည်သူ့စစ်များ စစ်ဆေးနေကြောင်း၊ ထိုနေရာတွင် စစ်ကောင်စီပိုင် Mytel တာဝါတိုင်ရှိထားကြောင်းလည်း မူဆယ်မြို့ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့...

မူဆယ် နာရေးပြုလုပ်နေသည့် ပြည်သူ့စစ်နေအိမ် သေနတ်ပစ်ခံရ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မြောက်ရပ်ကွက် နာရေးပြုလုပ်နေသည့် နေအိမ်ကို ယနေ့ (မတ် ၈)ရက် နေ့လည် (၁)နာရီဝန်းကျင်က အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ လာရောက်ပစ်ခတ်ရာ (၂)ဦး သေဆုံးသွားပြီး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မတ်လ (၈)ရက် နေ့လည် (၁)နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်...

တာလေ – ကျိုင်းလပ် လမ်းပေါ် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ ပိုက်ဆံကောက်

သျှမ်းပြည်အရှေ့ပိုင်း တာလေ-ကျိုင်းလပ်မြို့ လမ်းတစ်ကြောတွင် စစ်ကောင်စီ နှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ကုန်တင်ကားများကို ပိုက်ဆံ အဆမတန် ကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုလမ်းတစ်ကြောတွင် စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် နားယောင်းပြည်သူ့စစ်တို့ ပူးပေါင်ပြီး ဂိတ်များကို တိုးချဲ့ဖွင့်ကာ ကုန်တင်ကားများ၊ ဒေသခံပြည်သူများထံ ပိုက်ဆံပိုကောက်ယူနေလျက်ရှိကြောင်း...

မိုင်းဟ ပြည်သူ့စစ်ကို အဖြေမပေးသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် မန်ပန်ကျေးရွာအုပ်စု ကြူကွမ်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးကို မိုင်းဟ ပြည်သူ့စစ် တစ်ဦးက ရည်းစားစကားလိုက်ပြောရာမှ အဖြေ ပြန်မပေးသောကြောင့် သေနတ်ဖြင့် ပတ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၃)ရက် ည (၈)နာရီဝန်းကျင်တွင် မိုင်းဟ ပြည်သူ့စစ်က ကြူကွမ်ရွာအတွင်း ဝင်လာပြီး အမျိုးသမီးတစ်ဦးထံ...

Latest news