မူဆယ်မြို့ ပြည်သူ့စစ်နေအိမ် နှင့် တပ်စခန်းကို လက်နက်ကိုင် ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စွမ်ဆော် ရပ်ကွက်ရှိ မြို့မ ပြည်သူ့စစ် ခေါင်းဆောင်နေထိုင်ရာ အိမ် နှင့် တပ်စခန်း (၁) နေရာ ကို လက်နက်ကိုင် တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ (၂၁) ရက် နံနက် ၄ နာရီဝန်းကျင်တွင် အမှတ် (၃) မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ နေထိုင်သည့် နေအိမ် နှင့် မူဆယ်မြို့ ရေအား လျှပ်စစ်အနီးရှိ ပြည်သူ့စစ်တပ်စခန်း ကို TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ဝင်ရောက် ပစ်ခတ်ပြီးနောက် နှစ်ဖက် အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

လက်နက်ကြီး ကျည်ထိမှန်

“ ဒီနေ့ မနက် ၄ နာရီ ၇ မိနစ် အချိန်က သေနတ်သံတွေ စပြီး ကြားရတယ်။ မြို့မ ပြည်သူ့စစ် အမှတ် (၃) နေတဲ့ ၄ ထပ်တိုက်နေအိမ် နဲ့ မူဆယ်မြို့ ရေအား လျှပ်စစ်မှာရှိတဲ့ ပြည်သူ့စစ် တပ်စခန်းကို PDF နဲ့ TNLA တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ သူတို့ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်တာက နာရီဝက်လောက်ကြာတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတော့ မသိရသေးဘူး“ ဟု ၎င်း ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ နှင့် TNLA ပူးပေါင်းတပ်ဖွဲ့ PDF တို့ နှစ်ဖက်အပြန်အလှန် နာရီဝက်ကြာအောင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ပြည်သူ့စစ်ဘက်မှ တစ်ဖတ်သတ် လက်နက်ကြီး၊ လက်နက်ငယ် ဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း ၎င်း က ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ၎င်း ပတ်ဝန်းကျင်အနီးရှိ ပြည်သူများ၏ နေအိမ်၊ ဘုန်းကြီးကျောင်း ဇရပ်များက ပျက်စီးမှုများ ရှိခဲ့သော်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှု၏ တန်ဖိုးကိုတော့ မသိရှိရသေးပေ။

“နှစ်ဖက် အပြန်အလှန် ပစ်ခတ်တော့ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းက ဇရပ်တွေ လက်နက်ကြီး ကျည်ထိပြီး ပျက်စီးတာတွေ ရှိပါတယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာ မရှိဘူး။ ပြည်သူနေအိမ်တွေတော့ ပျက်စီးမှုများတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ အောက်တိုဘာ ၁၉ ရက်တွင်လည်း မူဆယ်မြို့ စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက် ခမရ (၄၂၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် နှင့်အတူ အရာရှိ တစ်ဦးအား ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...