Tuesday, January 27, 2026

မူဆယ်မြို့ ပြည်သူ့စစ်နေအိမ် နှင့် တပ်စခန်းကို လက်နက်ကိုင် ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စွမ်ဆော် ရပ်ကွက်ရှိ မြို့မ ပြည်သူ့စစ် ခေါင်းဆောင်နေထိုင်ရာ အိမ် နှင့် တပ်စခန်း (၁) နေရာ ကို လက်နက်ကိုင် တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ (၂၁) ရက် နံနက် ၄ နာရီဝန်းကျင်တွင် အမှတ် (၃) မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ နေထိုင်သည့် နေအိမ် နှင့် မူဆယ်မြို့ ရေအား လျှပ်စစ်အနီးရှိ ပြည်သူ့စစ်တပ်စခန်း ကို TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ဝင်ရောက် ပစ်ခတ်ပြီးနောက် နှစ်ဖက် အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

လက်နက်ကြီး ကျည်ထိမှန်

“ ဒီနေ့ မနက် ၄ နာရီ ၇ မိနစ် အချိန်က သေနတ်သံတွေ စပြီး ကြားရတယ်။ မြို့မ ပြည်သူ့စစ် အမှတ် (၃) နေတဲ့ ၄ ထပ်တိုက်နေအိမ် နဲ့ မူဆယ်မြို့ ရေအား လျှပ်စစ်မှာရှိတဲ့ ပြည်သူ့စစ် တပ်စခန်းကို PDF နဲ့ TNLA တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ သူတို့ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်တာက နာရီဝက်လောက်ကြာတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတော့ မသိရသေးဘူး“ ဟု ၎င်း ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ နှင့် TNLA ပူးပေါင်းတပ်ဖွဲ့ PDF တို့ နှစ်ဖက်အပြန်အလှန် နာရီဝက်ကြာအောင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ပြည်သူ့စစ်ဘက်မှ တစ်ဖတ်သတ် လက်နက်ကြီး၊ လက်နက်ငယ် ဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း ၎င်း က ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ၎င်း ပတ်ဝန်းကျင်အနီးရှိ ပြည်သူများ၏ နေအိမ်၊ ဘုန်းကြီးကျောင်း ဇရပ်များက ပျက်စီးမှုများ ရှိခဲ့သော်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှု၏ တန်ဖိုးကိုတော့ မသိရှိရသေးပေ။

“နှစ်ဖက် အပြန်အလှန် ပစ်ခတ်တော့ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းက ဇရပ်တွေ လက်နက်ကြီး ကျည်ထိပြီး ပျက်စီးတာတွေ ရှိပါတယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာ မရှိဘူး။ ပြည်သူနေအိမ်တွေတော့ ပျက်စီးမှုများတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ အောက်တိုဘာ ၁၉ ရက်တွင်လည်း မူဆယ်မြို့ စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက် ခမရ (၄၂၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် နှင့်အတူ အရာရှိ တစ်ဦးအား ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...