သျှမ်းပြည် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပြည်သူ့စစ်များ စောင့်ဆိုင်းပေးနေရ

သျှမ်းပြည်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ပြည်သူ့စစ်များ နှင့် အရာရှိ ဗိုလ်များပါ လာရောက်စောင့်ဆိုင်းပေးနေရကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်နေရာ

သျှမ်းပြည် တောင်ကြီးခရိုင် ၊ လွိုင်လင်ခရိုင်ထဲရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များထဲ ပြည်သူ့စစ်များ လာရောက်စောင့်ပေးနေရကြောင်း ခရီးသွားသူများထံ သိရှိရသည်။

အဆိုပါ ပြည်သူ့စစ်များ စောင့်ဆိုင်းပြီး စစ်ဆေးပေးနေသည့် ဂိတ်များသည် မိုင်းကိုင် နှင့် နမ့်စန် စသည့် မြို့တွင်လည်း ပြည်သူ့စစ်များက သွားရောက် စောင့်ဆိုင်းနေရကြောင်း သိရသည်။

“ သျှမ်းပြည်ဘက်မှာကတော့ ပြည်သူ့စစ် နဲ့ တပ်တွေဆိုရင်တော့ ပြည်သူ့စစ်တွေကပဲ လုံခြုံရေးပေးတာ။ ဂိတ်တွေလည်း စောင့်ပေးတယ်။ မိုင်းကိုင်ဘက်မှာ သျှမ်းတပ် ၂ တပ် ရှုပ်နေတုန်းကဆိုရင် ၇၅၈ ပြည်သူ့စစ်က လုံခြုံရေးယူပေးတာ။ ပြီးတော့ မိုင်းနောင် – မိုင်းရှုးလမ်းကြားမှာလည်း တာဝန်ယူပေးတာ။ နမ့်စန်ဘက်ဆိုရင်တော့ SSS က တာဝန်ယူပေးတာ” ဟု လွိုင်လင်မြို့နယ်အတွင်း နေထိုင်သူက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် နိုင်ငံတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ နှင့် တိုင်းရင်းသားလက်နက်ကိုင် အချို့ကို စစ်မျက်နှာ ဖွင့်ထားရသည့်အတွက်ကြောင့် တပ်သား အင်းအားနည်းလာကြောင်း သိရသည်။

ထိုသို့ တပ်သားအင်းအားနည်းလာသည့်အပေါ် အောက်ခြေတပ်သားများသည် ရှေ့တန်းထွက်နေရပြီး အရာရှိဗိုလ်များက စစ်ဆေးရေးဂိတ်တွင် စောင့်နေရကြောင်း သိရသည်။

“ ဒီ သျှမ်းပြည်က အောက်ခြေတပ်သားတွေက ရှေ့တန်းထွက်နေရတယ်။ အရာရှိတွေကတော့ ဂိတ်စောင့်ပြီးတော့ တောင်းစားနေကြတယ်။ ကျေးသီး – လားရှိုးလမ်းဖက်တွေမှာ သွားကြည့်လို့ရတယ်။ ၁ ပွင့် ၂ ပွင့်တွေပဲ ဂိတ်ကိုစောင့်နေကြတာ။ ဒါကို ကြည့်မယ်ဆိုရင် အောက်ခြေတပ်သားတွေကတော့ စစ်မြေပြင်မှာ ရောက်နေတယ်လို့ ယူဆရတယ်” ဟု သျှမ်းပြည်တွင်း ကားမောင်းနေသည့် ကားသမားတစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီတပ်သားများသည် သျှမ်းပြည် ၊ ကရင်နီပြည် ၊ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် စသည့်ပြည်နယ်တွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် စစ်မျက်နှာဖွင့် တိုက်ခိုက်နေရသည်။

စစ်တပ်အာဏာသိမ်း ၂ နှစ်တာ ကာလအတွင်း ကရင်နီပြည် စစ်ကောင်စီ နှင့် PDF တို့တိုက်ပွဲကြားတွင် စစ်ကောင်စီတပ်သား (၁,၉၉၅) ဦး သေဆုံးသွားခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...