မူဆယ်မြို့ သိန်းသန်းချီကားကွင်း ပစ်ခတ်မှုဖြစ် ပြည်သူ့စစ် ၂ဦး သေဆုံး၊ ၃ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် သိန်းသန်းချီ ကားကွင်းထဲတွင် မြို့မပြည်သူ့စစ်များ ပစ်ခတ်ခံရပြီး တပ်သား ၂ဦးသေဆုံးကာ ၃ဦးထိခိုက်ဒဏ်ရာရကြောင်း သတင်းသိရသည်။

သိန်းသန်းချီကားကွင်း ပစ်ခတ်မှုဖြစ် ပြည်သူ့စစ် ၂ဦးသေ၊

ယနေ့ (မတ်လ ၃၁) ရက်နေ့ ၁၂ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင် တစ်စုသည် သိန်းသန်းချီ ကားကွင်းမှ မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ကို လာရောက်ပစ်ခတ်သည့်အတွက် ပြည်သူ့စစ် နှစ်ဦးသေ ၊ အရပ်သား ၂ဦးနှင့် ပြည်သူ့စစ် ဆစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားတွေ ဝင်လာပြီး ရပ်နားတာ မကြာသေးဘူး၊လက်နက်ကိုင်တပ်ဖွဲ့ ဝင်ပစ်သွားတာ၊ နှစ်ဦးသေ ၊ သုံးဦး ဒဏ်ရာရ၊ ဘယ်အဖွဲ့က လာပစ်သွားမှန်းတော့ မသိဘူး” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် သေနတ်အပြင် ဗုံး အသုံးပြုမှုလည်း ရှိနေကြောင်း ဒေသခံများက ဆက်ပြောသည်။

သိန်းသန်းချီကားကွင်း

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူ နှင့် သေဆုံးသူ ရုပ်အလောင်းများကို ဒေသအတွင်း လူမှုကူညီရေး ပရဟိတ သမားများက လာရောက်သယ်ဆောင်သွားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက် ည ၆ နာရီဝန်းကျင်မှာလည်း မူဆယ်မြို့ရှောင်လမ်း စိုးသစ္စာ ဆီဆိုင်အနီးရှိ 69 Hotel ၌ အမျိုးသား တစ်ဦး ဗုံးဖြင့် လာရောက်ပစ်ခတ်သဖြင့် ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်နှစ်စီး ပျက်စီး ခဲ့ရသည်။

မူဆယ်မြို့နယ်သည် မြန်မာ – တရုတ်နယ်စပ် မြို့ဖြစ်သည့်အတွက် လူမျိုးစုံ ဝင်ထွက်သွားလာသည့်အပြင် လက်နက်ကိုင် တပ်ဖွဲ့မျိုးစုံလည်း ရှိသည့် ဒေသဖြစ်သည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင်းတွင် တရားမဝင် လောင်းကစားဝိုင်းများ၊ အကြောင်းရင်း မသိ ပစ်ခတ်သတ်ဖြတ်မှုများ၊ ရာဇဝတ်မှုများလည်း ပေါများသည့် ဒေသလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...