Tuesday, January 27, 2026

မူဆယ်မြို့ သိန်းသန်းချီကားကွင်း ပစ်ခတ်မှုဖြစ် ပြည်သူ့စစ် ၂ဦး သေဆုံး၊ ၃ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် သိန်းသန်းချီ ကားကွင်းထဲတွင် မြို့မပြည်သူ့စစ်များ ပစ်ခတ်ခံရပြီး တပ်သား ၂ဦးသေဆုံးကာ ၃ဦးထိခိုက်ဒဏ်ရာရကြောင်း သတင်းသိရသည်။

သိန်းသန်းချီကားကွင်း ပစ်ခတ်မှုဖြစ် ပြည်သူ့စစ် ၂ဦးသေ၊

ယနေ့ (မတ်လ ၃၁) ရက်နေ့ ၁၂ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင် တစ်စုသည် သိန်းသန်းချီ ကားကွင်းမှ မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ကို လာရောက်ပစ်ခတ်သည့်အတွက် ပြည်သူ့စစ် နှစ်ဦးသေ ၊ အရပ်သား ၂ဦးနှင့် ပြည်သူ့စစ် ဆစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားတွေ ဝင်လာပြီး ရပ်နားတာ မကြာသေးဘူး၊လက်နက်ကိုင်တပ်ဖွဲ့ ဝင်ပစ်သွားတာ၊ နှစ်ဦးသေ ၊ သုံးဦး ဒဏ်ရာရ၊ ဘယ်အဖွဲ့က လာပစ်သွားမှန်းတော့ မသိဘူး” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် သေနတ်အပြင် ဗုံး အသုံးပြုမှုလည်း ရှိနေကြောင်း ဒေသခံများက ဆက်ပြောသည်။

သိန်းသန်းချီကားကွင်း

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူ နှင့် သေဆုံးသူ ရုပ်အလောင်းများကို ဒေသအတွင်း လူမှုကူညီရေး ပရဟိတ သမားများက လာရောက်သယ်ဆောင်သွားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက် ည ၆ နာရီဝန်းကျင်မှာလည်း မူဆယ်မြို့ရှောင်လမ်း စိုးသစ္စာ ဆီဆိုင်အနီးရှိ 69 Hotel ၌ အမျိုးသား တစ်ဦး ဗုံးဖြင့် လာရောက်ပစ်ခတ်သဖြင့် ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်နှစ်စီး ပျက်စီး ခဲ့ရသည်။

မူဆယ်မြို့နယ်သည် မြန်မာ – တရုတ်နယ်စပ် မြို့ဖြစ်သည့်အတွက် လူမျိုးစုံ ဝင်ထွက်သွားလာသည့်အပြင် လက်နက်ကိုင် တပ်ဖွဲ့မျိုးစုံလည်း ရှိသည့် ဒေသဖြစ်သည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင်းတွင် တရားမဝင် လောင်းကစားဝိုင်းများ၊ အကြောင်းရင်း မသိ ပစ်ခတ်သတ်ဖြတ်မှုများ၊ ရာဇဝတ်မှုများလည်း ပေါများသည့် ဒေသလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...