Tuesday, January 27, 2026

နမ့်ခမ်းမြို့နယ် ကလေးပြန်ပေးဆွဲသည့် အဖွဲ့မှ အသေ တစ်ဦး၊ အရှင် (၂) ဦး ဖမ်းဆီးမိ

သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်း ကလေးငယ်ကို ပြန်ပေးဆွဲလုပ်သည့် အဖွဲ့အား အသေ တစ် ဦး၊ အရှင် (၂) ဦးကို တစ်နေ့တည်းအတွင်း ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

ကလေးကို ပြန်ပေးဆွဲသည့် သူ

ယနေ့ (အောက်တိုဘာ ၉) ရက် နံနက်ပိုင်း ၈ နာရီခွဲကျော်တွင် နမ့်ခမ်းမြို့နယ်၊ စာရေးတန်းရပ်ကွက် (ပွၵ့်ၸရေးတၢၼ်း) ၌ နေထိုင်သည့် အသက် (၄) အရွယ်ရှိ ကလေးငယ် တစ်ဦး ပြန်ပေးဆွဲခံရပြီး ပြန်ပေးဆွဲသည့် အဖွဲ့ဝင် တချို့ကို ဒေသအာဏာပိုင်းများက ဖမ်းဆီးရမိကြောင်း သိရသည်။

“ကလေးငယ် မူကြိုသွားဖို့ အမေဖြစ်သူက လိုက်ပို့နေတဲ့အချိန် လမ်းမှာပဲ အပြာနုရောင် Crown အမျိုးအစား ကားတစ်စီးပေါ်က အမျိုးသား ၅ ယောက်ဆင်းလာပြီးတော့ ကလေးငယ်ကို လုယူ သွားတာ။ အဲ့ဒါ အရပ်ထဲကရော နီးစပ်ရာ အဖွဲ့အစည်း နဲ့ အာဏာပိုင်တွေကိုရော အကြောင်းကြား ပြီး အကူအညီတောင်းတော့ လမ်းတွေပိတ်ပြီး စစ်ဆေးမှုပြုလုပ်ပေးခဲ့တယ်၊ ပြန်ပေးဆွဲလုပ်တဲ့အဖွဲ့ကို နမ့်ဖတ်ကာဘက် သွားတဲ့ လမ်းမှာ ဖမ်းမိတာ” ဟု ဖြစ်စဥ်ကို သိရှိသည့် နမ့်ခမ်းမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကလေးငယ်ကို ပြန်းပေးဆွဲလုပ်သွားသည့် အဖွဲ့သည် ကားနှစ်စီးဖြင့် နမ့်ခမ်း မြို့မှ နမ့်ဖတ်ကာ ဘက် ဖြတ်လမ်းဖြစ်သည့် ပြည်သူ့စစ် စစ်ဆေးရေးဂိတ် ရှိရာ လမ်းတစ်နေရာ၌ ဖမ်းမိခဲ့ရပြီး၊ အပြန် အလှန်ပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ကလေးကို ပြန်ပြေးဆွဲပြီးသေဆုံးသွားသူ

ယင်းကဲ့သို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် ပြန်ပေးဆွဲ အဖွဲ့မှ ကားနှစ်စီးအနက် ကားတစ်စီးက ထွက်ပြေးလွတ်မြောက် သွားပြီး ကလေးတင်ခေါ်လာသည့် ကားပေါ်မှ အမျိုးသား (၂) ဦးကို အရှင်ဖမ်းမိပြီး၊ နောက်ထပ် တစ်ဦးက သေဆုံးသွားကြောင်း လည်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“ပြန်ပေးဆွဲအဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်တဲ့ ပြည်သူ့စစ်က ဦးအောင်ထွန်း တပ်ဖွဲ့လို့ သိရတယ်။ ပစ်ခတ်မှုဖြစ်လို့ ပြန်ပေးဆွဲ အဖွဲ့က (၁) ဦးသေသွားတယ်၊ နောက် (၂) ဦးကတော့ အရှင်ဖမ်းမိ တာပေါ့။ ပစ်ခတ်မှု ဖြစ်တဲ့ အချိန်မှာ ကလေးငယ်ကိုလည်း ကျဥ်ထိဒဏ်ရာရထားလို့ အခုဆိုရင် ရွှေလီမြို့ထဲက ဆေးရုံမှာ ဆေးကု သမှုခံယူနေရတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက် မှာလည်း တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်ကို ကားတစီး နှင့် မျက်နှာဖုံးစွပ် အမည်မသိ လူ ၃ ဦးက သေနတ်ကိုင်ဆောင်ပြီး အိမ်ထဲရှိနေသည့် အမျိုးသမီးတစ်ဦးကို တရွတ်တိုက် ဆွဲခေါ်ပြီး ပြန်ပြေးဆွဲရန် ကြိုးစားခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

စစ်တပ်မှနိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံ နှင့် တစ်ဝှမ်းလုံး၌ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ လာပြီး တရားမဝင် ငွေရှာချင်သည့် သောင်းကျန်းသူ အဖွဲ့များက ကလေးငယ်များ၊ အမျိုးသမီးများကို ပြန်ပေးဆွဲ ပြုလုပ်လာကြသည့်အတွက် ဒေသအတွင်း လုံခြုံရေးများလည်း ကင်းမဲ့နေသည်။

ထို့အပြင် နယ်စပ် ဒေသဖြစ်ကြသည့် မူဆယ်၊ နမ့်ခမ်း နှင့် တာချီလိတ်တို့လို နေရာများ၌ လူဝင်လူထွက် များပြားပြီး လက်နက်ကိုင် တပ်ဖွဲ့ ပေါင်းစုံက ဝင်ထွက်သွားလာနေသည့်အတွက် ရာဇဝတ်မှုလည်း ပိုမိုများပြားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။
TNLA_ID Poster

TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။