အင်းလေးမှာ စစ်ကောင်စီ မှ ပြည်သူ့စစ် ထဲဝင်ရန် လိုက်လံစည်းရုံးနေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင်းရှိ ပြည်သူများထံ ပြည်သူ့စစ်ထဲဝင်ရန် စစ်ကောင်စီ လက်အောက်ခံများက လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရှိရသည်။

ယခု အောက်တိုဘာလ ပထမပတ် မှစတင်ပြီး အင်းလေးဒေသ အင်းပေါခုံကျေးရွာရှိ စစ်ကောင်စီသည် ပြည်သူများကို ပြည်သူ့စစ်ထဲ ဝင်ရန်အတွက် တစ်ယောက်လျှင် ကျပ်ငွေ တစ်သိန်းခွဲ နှင့် ဆန်တစ်အိတ် ထောက်ပံ့ကြေးပေးမည်ဟု လိုက်လံစည်းရုံးနေကြောင်း အင်းလေးဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ ရွှေဘို ပေါ်ဆန်းမွှေး ဆန်တစ်အိတ် တန်ဖိုးသည် တစ်သိန်း ဝန်းကျင်ရှိပြီး စစ်ကောင်စီမှ ထောက်ပံ့မည့် ဆန်သည် မည်သည့် ဆန်အမျိုးအစားဖြစ်သည်ကို မသိရှိရသေးပေ။

အင်းလေးဒေသ

“အင်းပေါခုံရွာ နဲ့ တချို့ရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကို လာစည်းရုံးတာ တွေ့ရတယ်။ ပြည်သူ့စစ်ထဲ ဝင်ဖို့ လူရှာခိုင်းတယ်။ ပြည်သူ့စစ်ထဲ ဝင်ရင် တစ်ယောက်ကို ပိုက်ဆံတစ်သိန်းခွဲ နဲ့ ဆန်တစ်အိတ် ထောက်ပံ့ကြေး ပေးမယ်လို့ ပြောတယ်။ တချို့က အင်းထဲမှာ ရှာစားဖို့ ခက်ခဲတော့ ပြည်သူ့စစ်ထဲ ဝင်ဖို့ နာမည်စာရင်းသွားပေးကြတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ အင်းပေါခုံရွာတွင် ပြည်သူ့စစ် ထဲဝင်ရန် နာမည်စာရင်းပေးထားသူမှာ (၂၀) ဦးထက် မနည်း ရှိနေပြီး စစ်သင်တန်းကို တောင်ကြီးမြို့သို့ သွားတက်ရောက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အင်းလေးဒေသရှိ ပြည်သူများသည် စားဝတ်နေရေးအတွက် ပိုမိုကြပ်တည်းလာ သဖြင့် စစ်ကောင်စီက အခွင့်ကောင်းယူကာ ယခုလို ပြည်သူ့စစ်ထဲ ဝင်ရန် လိုက်လံစည်းရုံးနေကြောင်း အင်းလေး ဒေသခံတစ်ဦးက ပြောသည်။

“စစ်အာဏာသိမ်းပြီးတော့ အရမ်းရိုက်ခတ်သွားတယ်။ စက်လှေမောင်းတဲ့သူတွေ၊ ယက်ကန်းလုပ်တဲ့သူတွေ၊ ဆိုင်ခန်းဖွင့်ထားတဲ့သူတွေ စတဲ့ စီးပွားရေး လုပ်တဲ့သူတွေက ခက်ခဲသွားတယ်။ အင်းထဲက အခြေခံ အလုပ်သမား တွေဆို ပိုပြီးတော့ ခက်ခဲသွားတာပေါ့ ။ အဲ့ဒါကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး ထောက်ပံ့ကြေးပေးမယ် ဆိုပြီး လာစည်းရုံး နေတယ်လို့တော့ မြင်တယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရွာငံ၊ ပင်းတယ၊ ညောင်ရွှေ၊ ရပ်စောက် စသည့် မြို့နယ်များရှိ ကျေးရွာ ဒေသများမှာ စစ်ကောင်စီ လက်အောက်ခံ မြို့နယ် ဦးစီးဌာနများ နှင့် ရဲတပ်ဖွဲ့များ က လုံခြုံရေး၊ တရားဉပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းဟူ၍ ခေါင်းစဉ် တပ်ပြီး စစ်ကောင်စီကို ထောက်ခံပေးရန် လိုက်လံဟောပြောပွဲ စည်းရုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...