Tuesday, January 27, 2026

အင်းလေးမှာ စစ်ကောင်စီ မှ ပြည်သူ့စစ် ထဲဝင်ရန် လိုက်လံစည်းရုံးနေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင်းရှိ ပြည်သူများထံ ပြည်သူ့စစ်ထဲဝင်ရန် စစ်ကောင်စီ လက်အောက်ခံများက လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရှိရသည်။

ယခု အောက်တိုဘာလ ပထမပတ် မှစတင်ပြီး အင်းလေးဒေသ အင်းပေါခုံကျေးရွာရှိ စစ်ကောင်စီသည် ပြည်သူများကို ပြည်သူ့စစ်ထဲ ဝင်ရန်အတွက် တစ်ယောက်လျှင် ကျပ်ငွေ တစ်သိန်းခွဲ နှင့် ဆန်တစ်အိတ် ထောက်ပံ့ကြေးပေးမည်ဟု လိုက်လံစည်းရုံးနေကြောင်း အင်းလေးဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ ရွှေဘို ပေါ်ဆန်းမွှေး ဆန်တစ်အိတ် တန်ဖိုးသည် တစ်သိန်း ဝန်းကျင်ရှိပြီး စစ်ကောင်စီမှ ထောက်ပံ့မည့် ဆန်သည် မည်သည့် ဆန်အမျိုးအစားဖြစ်သည်ကို မသိရှိရသေးပေ။

အင်းလေးဒေသ

“အင်းပေါခုံရွာ နဲ့ တချို့ရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကို လာစည်းရုံးတာ တွေ့ရတယ်။ ပြည်သူ့စစ်ထဲ ဝင်ဖို့ လူရှာခိုင်းတယ်။ ပြည်သူ့စစ်ထဲ ဝင်ရင် တစ်ယောက်ကို ပိုက်ဆံတစ်သိန်းခွဲ နဲ့ ဆန်တစ်အိတ် ထောက်ပံ့ကြေး ပေးမယ်လို့ ပြောတယ်။ တချို့က အင်းထဲမှာ ရှာစားဖို့ ခက်ခဲတော့ ပြည်သူ့စစ်ထဲ ဝင်ဖို့ နာမည်စာရင်းသွားပေးကြတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ အင်းပေါခုံရွာတွင် ပြည်သူ့စစ် ထဲဝင်ရန် နာမည်စာရင်းပေးထားသူမှာ (၂၀) ဦးထက် မနည်း ရှိနေပြီး စစ်သင်တန်းကို တောင်ကြီးမြို့သို့ သွားတက်ရောက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အင်းလေးဒေသရှိ ပြည်သူများသည် စားဝတ်နေရေးအတွက် ပိုမိုကြပ်တည်းလာ သဖြင့် စစ်ကောင်စီက အခွင့်ကောင်းယူကာ ယခုလို ပြည်သူ့စစ်ထဲ ဝင်ရန် လိုက်လံစည်းရုံးနေကြောင်း အင်းလေး ဒေသခံတစ်ဦးက ပြောသည်။

“စစ်အာဏာသိမ်းပြီးတော့ အရမ်းရိုက်ခတ်သွားတယ်။ စက်လှေမောင်းတဲ့သူတွေ၊ ယက်ကန်းလုပ်တဲ့သူတွေ၊ ဆိုင်ခန်းဖွင့်ထားတဲ့သူတွေ စတဲ့ စီးပွားရေး လုပ်တဲ့သူတွေက ခက်ခဲသွားတယ်။ အင်းထဲက အခြေခံ အလုပ်သမား တွေဆို ပိုပြီးတော့ ခက်ခဲသွားတာပေါ့ ။ အဲ့ဒါကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး ထောက်ပံ့ကြေးပေးမယ် ဆိုပြီး လာစည်းရုံး နေတယ်လို့တော့ မြင်တယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရွာငံ၊ ပင်းတယ၊ ညောင်ရွှေ၊ ရပ်စောက် စသည့် မြို့နယ်များရှိ ကျေးရွာ ဒေသများမှာ စစ်ကောင်စီ လက်အောက်ခံ မြို့နယ် ဦးစီးဌာနများ နှင့် ရဲတပ်ဖွဲ့များ က လုံခြုံရေး၊ တရားဉပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းဟူ၍ ခေါင်းစဉ် တပ်ပြီး စစ်ကောင်စီကို ထောက်ခံပေးရန် လိုက်လံဟောပြောပွဲ စည်းရုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...