ပြည်သူ့စစ်

မူဆယ်မြို့ အမျိုးသားတစ်ဦး ပြန်ပေးဆွဲ ခံရ

သျှမ်းပြည် မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အမည်မသိလက်နက်ကိုင် အဖွဲ့က အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) နေ့လည် ၁၁ နာရီခွဲ ကျော်တွင် မူဆယ်မြို့ မင်္ဂလာမူဆယ် အိမ်ယာမှာနေထိုင်သည့် အမျိုးသားတစ်ဉီးကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ အမျိုးသား ၃ ဦးက...

မူဆယ်မြို့ အတွင်း ပြည်သူ့ စစ်နှစ်ဖွဲ့ အချင်းချင်း ပစ်ခတ်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာလ ၁၃ ရက်) နေ့လည် ၁၂ နာရီခွဲဝန်းကျင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်းတွင် မြို့မပြည်သူ့စစ် အဖွဲ့ နှင့် နမ့်ဖတ်ကာပြည်သူ့ စစ်တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွဲခဲ့ကြောင်း...

ကြီးငယ်၊ ကျား-မ မရွေး စစ်တပ်ထဲသွင်းမည့်အစီအစဉ် စစ်ကောင်စီကြိုးပမ်းနေ

နိုင်ငံအနှံ့ တိုက်ပွဲများတွင် ရှုံးနိမ့်မှုများနှင့် စစ်အင်အားလျော့ပါးနေသည့် စစ်ကောင်စီသည် ကြီးငယ်၊ ကျား-မ မရွေး ပြည်သူများကို စစ်တပ်ထဲသွင်းမည့်အစီအစဥ်အား ကြိုးပမ်းနေသည်။ သြဂုတ်လ ၁၆ ရက်နေ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ဟု စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီးနောက် လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေး တည်ဆောက်ရမည်ဟု စစ်ခေါင်းဆောင်...

လုံခြုံရေး ငှားရမ်းထားသည့် ပြည်သူ့စစ်က အိမ်ရှင်သူဌေးအပါအဝင် (၃)ဦးကို သတ်ပြီး ပိုက်ဆံသိန်း၆ထောင်ကျော်ယူသွား

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်း လုံးခြုံရေးအတွက် ငှားရမ်းထားသည့် ပြည်သူ့စစ်(၃)ဦးသည် အိမ်ရှင်သူဌေးအပါအဝင် (၃)ဦးကို သတ်ပြီး ပိုက်ဆံ သိန်း ၆ထောင်ကျော်ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် သြဂုတ် ၁၂ရက် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ကုန်းတွင် နေထိုင်သည့် သူဌေးသည် အိမ်လုံခြုံရေးအတွက် ပြည်သူ့စစ် (၃)ဦးကို...

မူဆယ်မြို့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပြန်ပေးဆွဲခံရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂) ရက်၊ ညနေ ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ရပ်ကွက်၊ ရွှေသမင်ဘုန်းကြီး ကျောင်းအနီး၌ အသက် ၆၀ ခန့်အရွယ် (မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင်) ဦးဝူစီဖာ...

ဆီဆိုင်စစ်ရှောင်များကို စစ်တပ်နှင့် PNO ဖိအားပေး အိမ်ပြန်ခိုင်း

သျှမ်းပြည် ဆီဆိုင်မြို့ပေါ်နှင့် ကျေးရွာဘက် ဒေသခံများသည် တိုက်ပွဲများကြောင့် ဟိုပုံး၊တောင်ကြီး၊ညောင်ရွှေမြို့နယ်တို့တွင်းစစ်ရှောင်ကြရပြီး ယခုတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO က ဖိအားပေးပြီး အတင်းအဓမ္မ အိမ်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ စစ်ရှောင်များ မိမိနေအိမ် ပြန်မနေလျှင် အိမ်ချိတ်ပိတ်မည်၊ပိုင်ဆိုင်မှုနှင့် မြေယာများကို သိမ်းယူမည် ၊အိမ်မီးရှို့မည်ဆိုပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်...

နမ့်စန်မြို့နယ် စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသူများ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်မှုရှိနေ

သျှမ်းပြည် နမ့်စန်မြို့နယ်တွင် စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသူများသည် ဒေသခံပြည်သူ့စစ် အဖွဲ့များထံသို့ ဝင်ရောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ် ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်း နမ့်စန်မြို့နယ်အတွင်း စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသည့် လူငယ်များသည် ဒေသခံပြည်သူ့စစ်အဖွဲ့များထံ ဝင်ရောက်မှုများ ရှိလာကြောင်း နမ့်စန်မြို့နယ်...

တရုတ် ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များကို စစ်ကောင်စီ လွှဲပြောင်းပေး

သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းကျားဖြန့်လုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ကိုးကန့်ခေါင်းဆောင်ဟောင်းနှင့် လုပ်ငန်းရှင် (၁၀)ဦးတို့ကို စစ်ကောင်စီက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်) တွင် စစ်ကောင်စီသည် တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းနှင့် လုပ်ငန်းရှင်များ အပါအဝင် အွန်လိုင်းကျားဖြန့်လုပ်ငန်း အဓိကလုပ်ကိုင်သူ...

စစ်ရှုံးနေသည့် စစ်ကောင်စီ လားရှိုးမြို့ပြည်သူ့စစ်အဖွဲ့ကို အခြေခံစစ်ပညာသင်တန်း ပေးနေ

စစ်ရေးအဖက်ဖက်မှ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူအင်အားနည်းပါးလာသည့်အတွက်ကြောင့် လားရှိုးမြို့တွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ကို အခြေခံစစ်ပညာသင်တန်းပေးနေကြောင်း သတင်းရရှိသည်။ လားရှိုးပြည်သူ့စစ် (ဌာနေ)အဖွဲ့ကို အခြေခံစစ်ပညာသင်တန်းကို ဇန်နဝါရီလ ၂၉ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက်၁၂ မိုးလုံ လေလုံ အားကစားရုံတွင် သင်တန်းသား ၁၀၉ ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်းဒေသခံတစ်ဦးက သျှမ်းသံတော်ငဆ့်ကိုပြောသည်။ “ဟုတ်တယ် မိုးလုံလေလုံကွင်းမှာ...

ဆီဆိုင် ခမရ (၄၂၄) ကို တိုက်ခိုက် သိမ်းပိုက်၊ နေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် ပူးပေါင်းရန် PNLA တိုက်တွန်း

သျှမ်းပြည် ဆီဆိုင်မြို့နယ် စစ်ကောင်စီ ၏ ခြေမြန်တပ်ရင်း ခမရ (၄၂၄) ကို သိမ်းပိုက်လိုက်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ယနေ့ (ဇန်နဝါရီ ၂၇ ရက်နေ့) တွင် ထုတ်ပြန်သည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်နေ့) စစ်ကောင်စီနှင့်...

Latest news