ကြီးငယ်၊ ကျား-မ မရွေး စစ်တပ်ထဲသွင်းမည့်အစီအစဉ် စစ်ကောင်စီကြိုးပမ်းနေ

နိုင်ငံအနှံ့ တိုက်ပွဲများတွင် ရှုံးနိမ့်မှုများနှင့် စစ်အင်အားလျော့ပါးနေသည့် စစ်ကောင်စီသည် ကြီးငယ်၊ ကျား-မ မရွေး ပြည်သူများကို စစ်တပ်ထဲသွင်းမည့်အစီအစဥ်အား ကြိုးပမ်းနေသည်။

သြဂုတ်လ ၁၆ ရက်နေ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ဟု စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီးနောက် လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေး တည်ဆောက်ရမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီထုတ် သတင်းစာမှတစ်ဆင့် (သြဂုတ် ၂၅)ရက် ကပြောသည်။

အဓိကအားဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအောက်တွင် အကျုံးမဝင်သည့် အသက် ၃၅ နှစ်နှင့်အထက် အမျိုးသားများကို အဓိကပစ်မှတ်ထားခေါ်ယူမည်ဟု သိရှိရသည်။

စစ်ကောင်စီမှ ပြည်သူ့စစ်များကို လေ့ကျင့်ပေးနေစဉ်

အသက် ၃၅ နှစ်မကျော်သေးသော်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆေးမအောင်သူများ၊ စစ်မှုထမ်းရန် ဆိုင်းငံ့ထားသူများကိုလည်း အလှည့်ကျကင်းစောင့်ရန် ဆင့်ခေါ်မည်ဟု စစ်ကောင်စီ၏ ပြောခွင့်အရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ (မြန်မာပိုင်း) ကို ပြောဆိုထားသည်။

“ရည်ရွယ်တာကတော့ အသက် ၃၅ နှစ်ပြည့်ပြီးသွားပြီ။ သို့သော် လုံခြုံရေးမှာ ဝာာဝန်ထမ်းဆောင်နိုင်တဲ့သူတွေ၊ တည်ငြိမ်းအေးချမ်းရေးမှာ တာဝန်ထမ်းဆောင်နိုင်တဲ့သူတွေ အဓိကအမျိုးသားတွေပေါ့။ သူတို့နဲ့ ကျနော်တို့က ဒါဦးစားပေးပြီး ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကလည်း မိမိတို့ မြို့၊ ရွာ ၊ ရပ်ကွက် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။ ကျနော်တို့က လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေ လက်နက်အပါအဝင် တပ်ဆင်ပေးမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့သော် မည့်သည့်လက်နက်များဆိုသည်ကိုတော့ စစ်ကောင်စီအရာရှိ ထုတ်ဖော်ပြောဆိုခွင့်မရှိပေ။

ထိုကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ယခုလိုပြောဆိုထားသည်။

“တကယ်တော့ ပြည်သူလုံခြုံရေးနဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေး စနစ်ထူထောင်မယ်ဆိုတာက ဒီတိုက်ပွဲတွေမှာ ရှုံးနိမ့်ရှုံးပြီး စစ်အင်အားလျော့ပါးနေတဲ့ စစ်ကောင်စီအနေနဲ့ တပြည်လုံးအသက်အရွယ်မရွေး၊ ပြည်သူလူထု တစ်ရပ်လုံးကို စစ်ဘောင်ထဲဆွဲသွင်းဖို့၊ စစ်တပ်ထဲကိုမောင်းပို့ဖို့ ကြိုးပမ်းနေတဲ့အစီစဉ် ဖြစ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖေဖော်ဝါရီလအတွင်း ပြည်သူ့စစ်မှု မထမ်းမနေရ ဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက် အသက် ၁၈ နှစ်မှ ၂၃ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရန် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုခုဖြင့် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ပါက အမျိုးသား ၄၅ နှစ်အထိ၊ အမျိုးသမီး ၂၅ နှစ်အထိ အကျုံးဝင်မည်ဟုလည်း ပြောဆိုထားသည်။

လက်ရှိ ပြည်သူ့စစ်မှုထမ်း ဥပဒေအောက်တွင် စစ်ကောင်စီက သင်တန်းငါးကြိမ်အထိ ဖွင့်လှစ်ထားပြီး သင်တန်းအပတ်စဉ်တစ်ခုလျှင် လူသစ် ၅,၀၀၀ ခေါ်ယူနေကြောင်း သိရသည်။

“အကုန်လုံးကို စစ်ထွက်တိုက်ခိုင်းနေတာပေါ့ဗျာ။ စစ်ထွက်တိုက်ခိုင်းတယ်ဆိုတာက အခုစစ်ကောင်စီမှာ လျော့ပါးနေတဲ့ အင်အားတွေဖြည့်တင်းဖို့ စစ်မှုထမ်းရမဲ့သူတွေကို ရှေ့တန်းပို့ပြီး အသေခံခိုင်းနေတာပေါ့။ တကယ်ကျတော့ လက်တွေ့အဓိပ္ပာယ်ကသာ ပြည်သူတွေကို စစ်ထဲပါဝင်လာရအောင်၊ ပြည်သူတွေအားလုံးကို စစ်ဒဏ်ကြောင့် သေကြေ၊ ဒဏ်ရာရ၊ ဒုက္ခိတဖြစ်ဆိုတဲ့ အဖြစ်မျိုးထဲရောက်အောင် တွန်းပို့နေတဲ့ ဥပဒေမဲ့ အမည်ကို ထုတ်ပြန်နေတာ ဖြစ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့မှာလည်း “အရန်တပ်ဖွဲ့ဝင်များအတွက် စစ်မှုထမ်းစည်းမျဉ်း ထုတ်ပြန်ခြင်း” ဟု စစ်ကောင်စီအမည်ပေးထားသည့် အစီအစဉ်တွင် အကြောင်းမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံစစ်မှုထမ်းရမည်ဟု စစ်ကောင်စီက ထပ်မံထုတ်ပြန်လာခဲ့သည်။

အသက် ၅၅ နှစ်အောက် စစ်မှုထမ်းဖြစ်ပါက လှုပ်ရှားစစ်ဆင်ရေး တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ အသက် ၅၅ နှစ်မှ ၆၇ နှစ်အတွင်း ဖြစ်ပါက တပ်ဌာနချုပ်များ၊ စစ်ဆင်ရေး ခြေကုပ်စခန်းများနှင့် နေရာလုံခြုံရေး တာဝန်များ ထမ်းဆောင်ရမည်ဟု ဆိုသည်။

တစ်နည်းအားဖြင့် စစ်မှုထမ်းဟောင်းများကို ပင်စင် ခံစားခွင့်ပယ်ဖျက်လိုက်ပြီး လစာရိက္ခာ ခံစားခွင့်ဖြင့် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...